ဒီ အဖြစ်အပျက်လေးကတော့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာပါ။ အမျိုးသားတစ်ယောက်ဟာ ကစားကွင်းမှာ ရှိတဲ့ အပန်းဖြေကစားရာ ရိုလာကိုစတာ ပေါ် မှာ သူ့ရဲ့ ချစ်သူနဲ့ အတူ စီးနင်းခဲ့ပါတယ်။ အဲ့ဒီ့ရိုလာကိုစတာ လေထဲ ၃၆၀ ပေလောက်ရောက်တဲ့ အချိန်မှာ သူ့ရဲ့ ချစ်သူ ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ သူ့ရဲ့ လုပ်ရပ်ဟာ တကယ့်ကို အံ့သြဖွယ် ကြည်နူးဖွယ်ရာ လုပ်ရပ်လည်းဖြစ်ခဲ့ပါတယ်။ အမျိုးသား နာမည်ကတော့ Micheal ပါ။ အမျိုးသမီးက တော့ Fallen ပါ။

သူတို့စုံတွဲဟာ တွဲလာခဲ့တာ နှစ်နှစ်ခွဲလောက်ရှိပါပြီ။ Micheal ဟာ သူမ ရဲ့ ရိုလာကိုစတာ စီးရမှာ ကြောက်တဲ့ စိတ်ကို ဖြောင်း ဖြပြီး စည်းရုံးနိုင်ခဲ့ပါတယ်။ သူမ အနေနဲ့ ရိုလာကိုစတာ စီးနေစဉ် ထိတ်လန့်ကြောက်ရွံ့နေခဲ့တာပါ။ အဲ့ဒီ့ အချိန်မှာ ပဲ သူမဟာ သူမရဲ့ ချစ်သူ Micheal ရဲ့ လက်ထပ်ခွင့်တောင်းခြင်းကို ခံခဲ့ရပါတယ်။ သူမ အနေနဲ့ အစ ပထမ တော့ ရိုလာကိုစတာ စီးရတာ ထိတ်လန်အော်ဟစ်နေတာကြောင့် လက်ထပ်ခွင့်တောင်းခြင်းကို ကောင်းစွာ မကြားခဲ့ပါဘူး။

နောက်တော့ သူမရဲ့ ချစ်သူ က လက်ထပ်ခွင့်တောင်းတဲ့ လက်စွပ်ကို သူမရှေ့မှာ အကြိမ်ကြိမ် ဝှေ့ယမ်းပြ တော့ မှ သူမ သဘောပေါက်ခဲ့ပါတယ်။ သူမ အနေနဲ့ သဘောတူကြောင်းကို ရိုလာကိုစတာ အရှိန်နဲ့ မြေပြင်ပေါ်ကို ဆင်းသက်နေချိန် အော်ပြောခဲ့ရပါတယ်။ Micheal ဟာ ယခုလို လက်ထပ်ခွင့်တောင်းဖို့ အတွက် ကြိုတင် စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။ နောက်ဆုံးမှာ တော့ သူတို့ စုံတွဲဟာ အောက်တိုဘာလ ၁၄ ရက် ၂၀၁၈ ခုနှစ်ထဲမှာ မင်္ဂလာဆောင်သွားခဲ့ပြီး သာယာပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးလေးကို နစ်ယောက်ပေါင်းပြီး တည်ထောင်ခဲ့ကြတယ်လို့သိရပါတယ်။

Source - Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။