ဒီလိုယောကျာ်းတစ်ယောက်ကို ဘယ်မိန်းကလေးမှမချစ်နိုင်ဘူးလို့ သင်အလွယ်တကူမတွေးလိုက်ပါနဲ့။ မိန်းကလေးတွေကလဲ ရုပ်ချောမှချစ်တတ်တာမဟုတ်သလို အပြင်မှာလဲ တကယ်ကိုမယုံနိုင်စရာ ချစ်ကျွမ်းဝင်သွားတဲ့ စုံတွဲတွေများစွာရှိနေတတ်ပါတယ်။

ထို့အတူပဲ Mindie kniss လို့ခေါ်တဲ့ အမျိုးသမီးရဲ့ အရပ်နှစ်ပေရှစ်လက်မသာရှိတဲ့ Sean Stephenson တို့ရဲ့အချစ်ဟာလည်း ဆန်းကြယ်လွန်းလှပါတယ်။

Sean ဟာ အရပ်အရမ်းပုလှတဲ့သူတစ်ယောက်ဖြစ်သလို ခန္ဓာကိုယ်ပါ မသန်စွမ်းဖြစ်နေသူတစ်ယောက်ဖြစ်တာကြောင့် သူ့ကိုကောင်မလေးတွေက ကြိုက်ဖို့နေနေသာသာ အနားတောင် မကပ်ချင်ကြပါဘူး။

သို့ပေမယ့် ကံကြမာအပြောင်းအလဲစတင်လာတဲ့ ၂၀၀၉ ခုနှစ်မှာတော့ Sean ဟာ Mindie Kniss နဲ့စတင်တွေ့ဆုံခဲ့ကြပါတယ်။

သူတို့နှစ်ဦးတွေ့ဆုံခဲ့ချိန်မှာဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက်က စကားတွေအများကြီး ပြောစရာမလိုပဲ တစ်ဦးနဲ့တစ်ဦး ချစ်ခင်နှစ်သက်သွားခဲ့ကြပါတယ်။

ထိုသို့ချစ်ကြိုက်သွားမှုကြောင့် သူတို့နှစ်ဦးဟာ ဝေဖန်တိုက်ခိုက်မှုတွေများစွာကိုခံခဲ့ရသလို ၂၀၁၂ ခုနှစ်မှာ လက်ထပ်ခဲ့တဲ့အချိန်မှာလည်း ဝေဖန်မှုတွေက သူတို့ကို ဘာမှမလုပ်ခြင်မကိုင်ခြင် ဖြစ်သွားလောက်အောင်ကို ပြင်းထန်ခဲ့ပါတယ်။

ဝေဖန်သူတွေဟာဆိုရင်လည်း ဒီလိုယောင်္ကျားတစ်ယောက်ကို ယူထားတာဘယ်လိုလုပ် အိမ်ထောင်ရေးသုခပြည့်ဝမှာလဲ ၊ ငွေမက်လို့ ဒီလိုလူမျိုးကိုလက်ထပ်ခဲ့တာလို့ အမျိုးမျိုးဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်။

သို့ပေမယ့် ကိုယ်ချစ်တဲ့သူက ဘာကြီးပဲဖြစ်နေပါစေ လုံးဝအချစ်မလျော့သွားတဲ့ Mindie Kniss ဟာ ဝေဖန်မှုတွေကို အံတုကာ လင်ယောင်္ကျားပေါ်မှာ မေတ္တာစစ်မေတ္တာမှန်နဲ့ ဂရုစိုက်ပေးခဲ့တာ အခုဆိုရင် သားယောင်္ကျားလေးတစ်ယောက် ဖွားမြင်ပြီး လူအများအားကြရတဲ့ စုံတွဲလေး ဖြစ်လို့နေပြီပဲဖြစ်ပါတယ်။

တစ်ဦးနဲ့တစ်ဦးသာ တကယ်ချစ်ရင် ခန္ဓာကိုယ်တွေ အရေပြားပေါ်က အလှတွေဟာ ဘာမှအသုံးမဝင်ဘူးဆိုတာ သက်သေပြသွားတဲ့ သူတို့နှစ်ဦးရဲ့ အချစ်တွေကတော့ ယနေ့ခေတ်ကာလမှာ မြင်တွေ့ရခဲလှတဲ့ အရာတစ်ခုပါပဲ။

source - Stomp

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။