ဂယ်လက်ဆီ ဆိုတာ ကြယ်စုကြယ်ဝေး ဖြစ်ပြီး ဓာတ်ငွေ့များ၊ အမှုန်အမွှားများနှင့် မှောင်မိုက်သော ဒြပ်ဝတ္ထုများလည်း ရောနှော ပါဝင်နေတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဂလက်ဆီများကို တစုတဝေးတည်း ဖြစ်နေစေသည့် အကြောင်းမှာ ဒြပ်ဆွဲငင်အားဖြစ်ပြီး ဂလက်ဆီအတွင်းမှ အရာအားလုံးသည် ဗဟိုချက်တစ်ခုကို အခြေပြုကာ သွားလာလှုပ်ရှား နေကြတာပဲ ဖြစ်ပါတယ်။ ဂလက်ဆီဆိုသည့် အမည်ဟာ ဂရိစာလုံး ဂလက်ဆီးယားမှ ဆင်းသက်လာပြီး အဓိပ္ပာယ်မှာ နဂါးငွေ့ လို့ အမည်ရပါတယ်။ ဒါ့ကြောင့် ကမ္ဘာပါဝင်သော လက်ရှိနေထိုင်ရာ ဂလက်ဆီကို နဂါးငွေ့တန်း ဂယ်လက်ဆီဟု ခေါ်ကြတာပဲ ဖြစ်ပါတယ်။

အဓိကအားဖြင့် ဂလက်ဆီ ၃ မျိုး ရှိပြီး ဘဲဥပုံ၊ ဝက်အူရစ်ပုံ နှင့် ပုံသဏ္ဌန်မမှန်သော ဂလက်ဆီ တို့ပဲ ဖြစ်ပါတယ်။ အားလုံးသော ဂလက်ဆီများဟာ စကြာဝဠာအတွင်းတွင် တည်ရှိကြပြီး နဂါးငွေ့တန်းဂလက်ဆီတွင် ကြယ်အစင်းပေါင်း (၂၀၀) မှ (၄၀၀) ဘီလီယံကြားအထိ တည်ရှိပါတယ်။ နဂါးငွေ့တန်းဂလက်ဆီနှင့် အနီးဆုံးဂလက်ဆီမှာ အင်ဒရိုမီဒါ ဂလက်ဆီဖြစ်ပြီး ကမ္ဘာမြေမှ အလင်းနှစ် (၂.၅) သိန်း ကွာဝေးလှပါတယ်။ ကျွန်တော်တို့ မြင်နိုင်သော အကွာအဝေး သို့မဟုတ် လေ့လာရန် ဖြစ်နိုင်သော စကြာဝဠာအတွင်းတွင် တည်ရှိသော ဂလက်ဆီပေါင်းမှာ (၁၇၀) ဘီလီယံ ကျော်မျှ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီအထဲမှာမှ ဂယ်လက်ဆီပုတွေလည်း တည်ရှိပြီး ဂလက်ဆီပုတြင် မိမိတို့ နဂါးငွေ့တန်းနှင့်နှိုင်းယှဉ်ပါက အရေအတွက်ပမာဏ နည်းပါးသော ကြယ်ပေါင်း ဘီလီယံများစွာ ပါဝင်နေပါတယ်။ ကြီးမားသော မဂ္ဂလန်တိမ်တိုက်ဟာ နဂါးငွေ့တန်းနှင့် နီးကပ်စွာလှည့်ပတ်ပြီး ကြယ်ပေါင်း ဘီလီယံ ၃ဝ ပါဝင်ကာ ဂလက်ဆီပုဟု ခေါ်ကြတာပဲ ဖြစ်ပါတယ်။ နက္ခတ္တပညာရှင်များသည် ထိုဂလက်ဆီတို့၏ အရွယ်အစား ပုံပန်းသွင်ပြင်အရ အမျိုးအစားပေါင်းများစွာအဖြစ် ခွဲခြားသတ်မှတ်ထားကြတယ်လို့ သိရပါတယ်။

Source : wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။