ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ ယာဉ်မတော်တဆဖြစ်စဉ်တွေကြောင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို နေ့စဉ်တင်းကျပ်နေရပြီး အသိပညာပေးလုပ်ငန်းတွေကိုလည်း အဆက်မပျက်လုပ်ဆောင်လျှက်ရှိတာတွေ့ရပါတယ်။ ဇွန်လ ၁၂ ရက်နေ့ မနေ့ကလည်း မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းပညာပေး လုပ်ဆောင်မှုတွေကို လုပ်ဆောင်ခဲ့ကြကြောင်း သိရပါတယ်။   

အဆိုပါပြုလုပ်မှုကို မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးငွေတင် ဦးစီး၍ ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ စည်ပင်၊ လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ယာဉ်စိးကမ်း၊ လမ်းစည်းကမ်းပညာပေးလုပ်ဆောင်မှုကို ကန်ပြား တိုးဂိတ်၊ မကြီးကန်တိုးဂိတ်တို့တွင် ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဆောင်ရွက်ခဲ့ရာ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်နှင့် ဆိုင်ကယ်မောင်းနှင်သူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းကင်းရှင်းရေး ပညာပေးစတစ်ကာများကပ်ခြင်း၊ ပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ယာဉ်တိုက်မှု တိမ်းမှောက်မှုများပြားလာခြင်းကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်တဲ့ အဆိုပါ ပြုလုပ်မှုပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

Photos - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။