တန်ဖိုးနှိပ်တယ်ဆိုတိုင်း ပစ္စည်းတွေကို လစ်လျှူမရှူ့သင့်ပါဘူး။ တချို့သောပစ္စည်းတွေက ကိုယ့်အတွက် အရမ်းကို အသုံးတည့်ပါတယ်....ဈေးပေါပေမဲ့လည်းပေါ့။ ပုံမှာပြထားတဲ့ဘောပင်ဟာဆိုရင် ပရိသတ်ကြီးအနေနဲ့ မြင်ဖူးတာရှားမှာပါ။ အဲ့ဘောပင်တွေက လေယာဉ်ပျံပေါ်မှာ သုံးဖို့အတွက်ဖြစ်ပြီး ထိပ်ကအချွန်မဟုတ်တော့ ဒုက္ခပေးနိုင်ချေမရှိတော့ပါဘူး။ မထင်မှတ်ထားတဲ့ အကြောင်းကိစ္စတစ်ခုခုကြောင့် ဘောပင်နဲ့အထိုးမခံရလောက်တော့ပါဘူး။ ဖိနပ်ကော်ဆိုလဲ လူကိုအချိန်ကုန်သက်သာစေပေမဲ့ သုံးတဲ့သူရှားပါတယ်။ အာ့ကို သုံးချင်အားဖြင့် ရှူးဖိနပ်ထဲကနေခြေထောက်ကို ထုတ်တာဖြစ်ဖြစ် ထည့်တာဖြစ်ဖြစ် မြန်စေပါတယ်။ 

အိတ်ထဲထည့်လို့ရတဲ့ ပုံပါဓားအသေးစားဟာလဲ မိန်းကလေးအတွက် ပိုသင့်တော်မယ်လို့ထင်ပါတယ်။ ဖုန်းဘက်ထရီအပိုဟာဆိုရင်လဲ ကိုယ့်ဖုန်းဘက်ထရီးတစ်ခုခုဖြစ်တဲ့အခါ ဆိုင်သွားစရာမလိုပဲ သက်သာတာပေါ့။ သွားလေရာနေရာတိုင်းမှာ ဆေးဝါပစ္စည်း တွေဟာလဲ လိုအပ်ပါတယ်။ သူတို့က ဘယ်လောက်မှာ တန်ဖိုးရှိတာမဟုတ်ပါဘူး....ဆေးသေတ္တာဘူးပဲမို့ ခရီးသွားရင် အဆင်ပြေပါတယ်။ Thermometer ဟာဆိုရင်လဲ အိမ်မှာရှိရင်ကောင်းပါတယ်.....ကိုယ့်အတွက် ဘယ်လောက်ဘယ်လောက်ပူတယ်ဆိုတာကို သိရတော့ နေရထိုင်ရ ဝတ်ဆားဆင်ယင်ရတာ အဆင်ပြေတာပေါ့။ 

ကားပေါ်မှာလဲ ကားမောင်းရင် ဖုန်းပြောဖို့အဆင်ပြေအောင် Bluetooth earphone set လေးဟာလဲ အသုံးတည့်ပါတယ်။နောက်ဆုံးတစ်ခုကတော့ ပိုက်ဆံပေါ့.....ပိုက်ဆံကတော့ လူတွေအတွက် အသုံးဝင်တာကို ပရိသတ်ကြီးသိမှာပါ။ ဒီနေ့ခေတ်မှာ ပိုက်ဆံက နေရာတကာမှလိုအပ်နေပါတယ်။ တချို့သူတွေကျတော့ Credit Card နဲ့ရှင်းကျတော့ ပိုက်ဆံကို ယူဖို့မေ့တက်ကြပါတယ်။ အာ့ကြောင့် ပိုက်ဆံကိုတော့ မမေ့မလျောယူသွားသင့်ပါတယ်။ တခြားသော ဈေးပေါပြီး အသုံးတည့်တဲ့ ပစ္စည်းတွေကိုလဲ ပုံမှာ ဖော်ပြပေးလိုက်ပါတယ်။ 

Source : List 25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။