စင်ကာပူနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ မြန်မာ့လက်ရွေးစင် အသင်းဟာ မနက်ဖြန် ဇွန်လ ၁၁ ရက်နေ့ဒေသစံတော်ချိန် ည ရး၄၅ နာရီ (မြန်မာစံတော်ချိန် ညနေ ၆း၁၅ နာရီ) စင်ကာပူ အမျိုးသား အားကစားကွင်းတွင်ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ပါတယ်။အဆိုပါ ခြေစမ်းပွဲအတွက် မြန်မာအသင်းဟာ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီး အကောင်းဆုံးပြင်ဆင်ခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ အသက်ရွယ်ရလာတဲ့ကစားသမားတွေကို ပွဲထုတ်လာခဲ့သလို စင်ကာပူအသင်းကလဲ သက်ကြီး ကစားသမားတွေကို ပြန်လည်ခေါ်ယူလာခဲ့ပါတယ်။ မြန်မာအသင်းကတော့ ပွဲအစ၅မိနစ်မှာပဲ ဦးဆောင်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး မြန်မာလက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံရတဲ့ကျော်ကျော်ကိုက သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ 

စင်ကာပူအသင်းဘက်ကလဲ သွင်းဂိုးတွေရဖို့ ပြန်လည်ကြိုးစားခဲ့ပြီး ၂၅မိနစ်မှာ ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။ မြန်မာအသင်းရဲ့တိုက်စစ်ဟာ မောင်မောင်လွင် ကျော်ကျော်ကို အောင်သူ စည်သူအောင်တို့ရဲ့ တွဲလုံးတွေနဲ့ မြိုုင်ဆိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ကျော်ကျော်ကိုရဲ့ ဂိုးနဲ့ အနိုင်ရ ရှိသွားခဲ့ပါတယ်။မြန်မာအသင်းကတော့ စင်ကာပူအသင်းကို စင်ကာပူမြေမှာ အနိုင်ရ ရှိခဲ့ပါတယ်။

source:mff

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။