အရင်ခေတ်အနုပညာလောကထဲမှာ ဆံနွယ်အရှည်လေးနဲ့ပြုံးလိုက်ရင် သွားထပ်လေးပေါ်အောင်ပြုံးတတ်တဲ့ မင်းသမီးချောလေး လင်းဇာနည်ဇော်ကတော့ ဖြူဖြူဖွေးဖွေးလုံးလုံးလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့သူပါနော်။ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းတွေကိုရရှိပြီး ပရိသတ်တွရဲ့ရင်ထဲမှာနေရာယူထားနိုင်ဆဲပါနော်။အခုလက်တလောမှာ လင်းဇာနည်ဇော်ကတော့ အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ချစ်မကြီးချစ်ချစ်ဇော်နဲ့အတူ တစ်နိုင်တစ်ပိုင်စီးပွားရေးလေးကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။

လင်ဇာနည်ဇော်ရဲ့တစ်ဦးတည်သောသမီးချောလေးကလည်း မေမေနဲ့တူလို့ အရမ်းချစ်စရာကောင်းပြီးဖြူစင်စွာနဲ့လှပပါတယ်။မြူလင်းကိုကိုက နိုင်ငံရပ်ခြားမှာပညာသင်ယူနေပြီး မကြာခင်မှာပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ဒီနေ့ ဇွန်လ ၁၂ရက်နေ့လေးဟာဆိုရင် မြူလင်းကိုကိုရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်နော်။သမီးလေးရဲ့မွေးနေ့မှာ သားအမိနှစ်ယောက်အတူမရှိပေမယ့် မေမေလင်းဇာနည်ဇော်ကတော့ သမီးလေးကိုလွမ်းကြောင်းတွေကိုစာအရှည်ကြီးရေးသားထားပါတယ်။

"အလိုလိုနေရင်းအိပ်မရ သတိတွေအရမ်းရ အော်..မိခင်ဘဝ.Happy Birthday သမီးလေးရေ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာကိုခွဲခြားဆုံးဖြတ်နိုင်တဲ့သူ.ဘဝကိုရိုးသားဖြူစင်စွာလျှောက်လှမ်းနိုင်တဲ့သူ.ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူလေးဖြစ်ပါစေ ခါတိုင်းနေ့တွေထက် ပိုလွမ်းတယ်ကြွက်မလေးရေ"ဆိုပြီး မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးထားပါတယ်။ပရိသတ်ကြီးအတွက် သားအမိနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

source:Linzar Ni Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။