ယူ၂၀ကမ္ဘာ့ဖလားပြိုင်ပွဲဆီမီးဖိုင်နယ်တွေကိုဒီမနက်အစောကယှဉ်ပြိုင်ကစားခဲ့ပြီးအာရှထိပ်သီးတောင်ကိုရီးယားအသင်းကတော့အီကွေဒေါအသင်းကိုတစ်လုံးတည်းသောအနိုင်ဂိုးနဲ့နောက်ဆုံးဗိုလ်လုပွဲကိုတက်ရောက်သွားခဲ့ပါတယ်။တောင်ကိုရီးယားအသင်းရဲ့တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့၃၉မိနစ်မှာသွင်းယူခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားအသင်းအတွက်တော့ခုလိုဖိုင်နယ်တက်တာကတော့သမိုင်းတစ်လျောက်ပထမဆုံးဖြစ်ပြီးအာရှနိုင်ငံတွေထဲမှာတော့ဒုတိယမြောက်ဗိုလ်လုပွဲတက်တဲ့အသင်းဖြစ်လာခဲ့ပါတယ်။တောင်ကိုရီးယားအသင်းဟာအုပ်စုအတွင်းကမ္ဘာ့ထိပ်သီးတွေဖြစ်တဲ့အာဂျင်တီးနား၊ပေါ်တူဂီအသင်းတွေနဲ့တစ်အုပ်စုတည်းကျရောက်ခဲ့ပေမယ့်အကောင်းဆုံးကျော်ဖြတ်ပြီးခုလိုဗိုလ်လုပွဲကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားအသင်းဟာနောက်ဆုံးဗိုလ်လုပွဲကိုတော့လာမယ့်၁၅ရက်နေ့မှာယူကရိန်းအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ယူကရိန်းအသင်းကလည်းဆီမီးဖိုင်နယ်မှာအီတလီလိုနာမည်ကြီးအသင်းကိုအနိုင်ယူခဲ့တာကြောင့်တောင်ကိုရီးယားအသင်းအတွက်တော့ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။ဘယ်လိုအကောင်းဆုံးကြိုးစားမှုတွေနဲ့အာရှကိုယူ၂၀ကမ္ဘာ့ဖလားကြီးသယ်လာနိုင်မလားဆိုတာကတော့စောင့်ကြည့်ရင်းအားပေးကြပါဦးနော်။

SOURCE:FIFA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။