ပရိသတ်ကြီးရေ အောင်လနဲ့ဝိုင်းစုတို့ ချစ်သူစုံတွဲလေးက တစ်ယောက်ကိုတစ်ယာက်အရမ်းချစ်ကြပြီး နားလည်မှုအပြည့်ထားရှိထားကြတာဖြစ်ပါတယ်။ဝိုင်းစုနဲ့အောင်လတို့နှစ်ယောက်လုံးက ပရိသတ်တွေအားပေးကြိုက်နှစ်သက်ကြတဲ့ professional အဆိုရှင်တွေဖြစ်ကြပါတယ်နော်။အောင်လရဲ့အသံပါဝါကောင်းကောင်းနဲ့သီဆိုတဲ့သီချင်းတွေက ယနေ့ချိန်ထိအောင်မြင်နေသလို ဝိုင်းစုရဲ့အလွမ်း အဆွေး သီချင်းလေးတွေကလည်း ပရိသတ်တွေရဲ့ရင်ထဲကိုတိုက်ရိုက်ထိစေပါတယ်နော်။

အောင်လနဲ့ဝိုင်းစုတို့က အခုဆိုရင် သီချင်းအသစ်တွေကိုလည်း ဖန်တီးနေပြီး အေးအေးချမ်းချမ်းနဲ့ သီချင်းတွေကြားမှာ ပျော်မွေ့နေတာဖြစ်ပါတယ်။အောင်လနဲ့ဝိုင်းစုတို့က အားလပ်ရက်တွေမှာဆိုလည်း အပန်းဖြေခရီးတွေထွက်ကာ ပျော်ရွှင်စွာနေပြီး ချစ်သူနှစ်ဦးရဲ့ ချစ်ခရီးလမ်းလေးကတော့ သာယာကြည်နူးဖို့ကောင်းပါတယ်နော်။ဝိုင်းစုနဲ့အောင်လတို့ချစ်သူစုံတွဲလေးကိုပရိသတ်တွေက အရမ်းချစ်ကြပြီး သူတို့ရဲ့အနုပညာတွေကိုလည်းအားပေးကြပါတယ်နော်။

အောင်လနဲ့ဝိုင်းစုတို့က ဘယ်သွားသွားဘယ်လာလာ အတူတူပဲဖြစ်ကြပြီး ပွဲအခမ်းအနားတွေကိုလည်း တူယှဉ်နွှဲလို့ တက်ရောက်ကြပါတယ်။အခုဆိုရင်တော့ အောင်လအမေရဲ့သီချင်းလေးကို အောင်လက စန္ဒယားတီးပြီး ဝိုင်းစုက အသံချိုချိုလေးနဲ့သီဆိုထားပါတယ်။ဝိုင်းစုကတော့"သူ့ အမေ သီချင်း သူကလည်း လျှောက်တီး ကိုယ် ကလည်း လျှောက်ဆို.....ဟီးဟီး"ဆိုကာချစ်သူနှစ်ဦး အပေးအယူမျှစွာနဲ့သီဆိုထားတဲ့ သီချင်းဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Wine Su

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။