စင်ကာပူလက်ရွေးစင်အသင်းနဲ့မြန်မာလက်ရွေးစင်အသင်းတို့ရဲ့ခြေစမ်းပွဲကိုတော့မနေ့ည၆:၁၅ကစင်ကာပူနိုင်ငံမှာယှဉ်ပြိုင်ကစားခဲ့ပါတယ်။ဒီခြေစမ်းပွဲမှာတော့မြန်မာ့လက်ရွေးစင်အသင်းရဲ့တစ်ကျော့ပြန်တိုက်စစ်မှူးကျော်ကိုကိုရဲ့သွင်းဂိုး၂ဂိုးနဲ့ပွဲအပြီးမှာ(၁-၂)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။

နည်းပြသစ်လက်ထက်ပထမဆုံးပွဲစဉ်ဖြစ်တာကြောင့်မြန်မာအသင်းဟာအကောင်းဆုံးကစားသွားခဲ့ပြီးပွဲအစ၅မိနစ်မှာတင်ကျော်ကိုကိုရဲ့သွင်းဂိုးနဲ့ဦးဆောင်နေခဲ့တာပါ။ဦးဆောင်ဂိုးပေးရပြီးစင်ကာပူအသင်းကခြေပဂိုးရဖို့ဖိအားပေးကစားခဲ့ပြီး၂၅မိနစ်မှာစင်ကာပူအသင်းခြေပဂိုးရပြီးတစ်ဖက်တစ်ဂိုးနဲပထမပိုင်းပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့မြန်မာအသင်းဟာကစားကွက်ပိုမိုကောင်းလာပြီးစင်ကာပူနောက်တန်းကိုဖိအားပေးခဲ့ပါတယ်။ဖိအားပေးနေရင်းနဲ့၆၅မိနစ်မှာတော့ကျော်ကိုကိုကပဲခြေစွမ်းပြဂိုးသွင်းယူခဲ့ပြီးပွဲအပြီးမှာ(၁-၂)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။ဒီနေ့မှာတော့မြန်မာအသင်းရဲ့တိုက်စစ်မှာကျော်ကိုကို၊အောင်သူ၊မောင်မောင်လွင်တို့ခြေစွမ်းပြပြီးနည်းပြသစ်လက်ထက်အဖွင့်ပွဲမှာနိုင်ပွဲရယူခဲ့ပါတယ်။ပရိသတ်တွေအတွက်လည်းလက်ရွေးစင်အချင်းချင်းတွေ့ဆုံမှုမှာစင်ကာပူကိုပြန်အနိုင်ရခဲ့တဲ့မြန်မာအသင်းရဲ့ Highlight Video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Photo:MFF

Video:You Tube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။