ပရိသတ်တွေ စူစူလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချောလေး အိချောပိုကတော့ ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း လူကြီး လူငယ်မရွေးချစ်ခင်အားပေးကြတာပါ။ သူမရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးဟာလည်း ပုရိသတွေကို တစ်မျိုးလေးဆွဲဆောင်နေတာလည်း ဖြစ်ပါ်တယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်မလည်အောင်ကို ရိုက်ကူးနေရတာပါ။  

သူမရဲ့ ကျစ်လစ်တောင့်တင်းလွန်းတဲ့ ခန္ဓာကိုယ်အချိူးအစာလေးဟာလည်း မိန်းကလေးပရိသတ်များပါကြွေရလောက်အောင်ကို မိုက်လွန်းတာပါ။ အနုပညာအလုပ်တွေမှာလည်းဝါသနာပါကြိုးစားမှုတွေကြောင့်သူ့ဇာတ်ကားတိုင်းမှာသူ့ကာရိုက်တာတွေကပရိသတ်တွေအကြိုက်ဖြစ်ရပြီးရုပ်ရှင်တစ်ခုရဲ့ခံစားမှုတွေကိုပေးနိုင်တာဖြစ်ပါတယ်။ မကြာသေးမီကလည်း ဒါရိုက်တာကျော်သူရိုက်ကူးတဲ့ " ဒဏ္ဍာရီပင်လယ် " ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွင် ရေသူမလေး အဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။  

သူမဟာ လတ်တလောမှာလည်း Tik Tok လေးတွေလည်းဆော့ဖြစ်နေတာပဲဖြစ်ပြီး အခုတစ်ခေါက်မှာလည်း လတ်တလောမှာရေပန်းစားနေတဲ့သီချင်းလေးနဲ့ Tik Tok ကစားထားတာလည်းဖြစ်ပါတယ်။ စူစူဟာ မြန်မာဝတ်စုံလေးနဲ့ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပေါ်လွင်စေအောင် အဖြူရောင် ဝတ်စုံလေးနဲ့ Tik Tok ကစားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် စူစူရဲ့အမိုက်စားTik Tok လေးကိုတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source- Ei Chaw Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။