ရော်နယ်ဒိုကတော့ကမ္ဘာအနှံ့မှာပရိသတ်တွေအပြည့်နဲ့အောင်မြင်ကျော်ကြားနေတဲ့ကမ္ဘာကျော်ကစားသမားပဲဖြစ်ပါတယ်။သူ့ရဲ့ခြေစွမ်းပြပြီးအကောင်းဆုံးသွင်းဂိုးတွေကြောင့်ကမ္ဘာ့အနှံ့ကပရိသတ်တွေကသူ့ကိုအားကျနေရတာဖြစ်ပါတယ်။သူကတော့ကမ္ဘာကျော်ထိပ်သီးကလပ်တွေမှာဆုဖလားတွေရယူပြီးအောင်မြင်နေတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။

သူကတော့အောင်မြင်ကျော်ကြားတဲ့ကစားသမားဖြစ်ပေမယ့်လည်းသူ့ပရိသတ်တွေကိုအမြဲလေးစားတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။သူ့ရဲ့ပိုင်ဆိုင်ချမ်းသာမှုတွေကိုလည်းအလှူအတန်းလေးတွေပြုလုပ်လေ့ရှိတဲ့ကစားသမားတစ်ဦးပါ။သူ့ရဲ့နေထိုင်ပုံစံတွေကြောင့်မာနကြီးတဲ့ကစားသမားတစ်ဦးထင်ရပေမယ့်လည်းစိတ်ထားမွန်မြတ်တဲ့ကစားသမားတစ်ဦးပါ။

သူ့ကိုအားပေးနေတဲ့ပရိသတ်တွေထဲမှာကလေးငယ်လေးတွေလည်းပါဝင်ပြီးခုမှာလည်းကင်ဆာရောဂါခံစားနေရတဲ့ကလေးငယ်လေးကဒိုလေးကိုတွေ့ချင်လို့စောင့်နေတာကိုကလေးနဲ့တူတူအမှတ်တရလက်ဆောင်တွေပေးခဲ့တာပါ။ကလေးငယ်လေးကလည်းဒိုလေးနဲ့တွေ့ပြီးပျော်ရွှင်ခဲ့တာပါ။ပရိသတ်တွေအတွက်လည်းဒီလိုစိတ်ထားကောင်းတွေရှိတဲ့ရော်နယ်ဒိုရဲ့VIDEOလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:AZR Organization

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။