ရုရှားတို့၏ မစ် - ၂၉ တိုက်လေယာဉ်ဟာ ယခင် ဆိုဗီယက် ပြည်ထောင်စု၏ စတုတ္ထမျိုးဆက် တိုက်လေယာဉ်အမျိုးအစားပဲ ဖြစ်ပြီး ယနေ့အချိန်အထိ ကမ္ဘာ့နိုင်ငံများစွာ၏ ဘက်စုံသုံး တိုက်လေယာဉ်အဖြစ် ရပ်တည်လျက် ရှိပါတယ်။ အမေရိကန်တို့၏ တိုက်လေယာဉ်များဖြစ်သော မက်ဒေါနယ်ဒေါက်ကလပ်စ် အက်ဖ်-၁၅ လင်းယုန်၊ F-16 နှင့် F/A - 18 တို့ကို ယှဉ်ပြိုင် တိုက်ခိုက်ရန် ဖန်တီးခဲ့ကြခြင်း ဖြစ်ပါတယ်။ MiG-29 ကို အဓိကအခြေအနေအမျိုးမျိုးအတွက် ထုတ်လုပ်ထားပြီး ဘက်စုံသုံး MiG-29 အမ် နှင့် လေယာဉ်တင် သင်္ဘောများတွင် အသုံးပြုရန်အတွက် Mikoyan MiG-29K ဆိုတဲ့ မျိုးကွဲများရှိပြီး နောက်ဆုံးပေါ်နည်းပညာများဖြင့် ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။

Mikoyan MiG-35 အမျိုးအစားလည်းရှိပြီး နောက်ဆုံး ထွက်ရှိတဲ့ အမျိုးအစားတွင် အင်ဂျင်ပိုင်းအား အဆင့်မြှင့်တင်ထားခြင်း၊ လေယာဉ်မောင်းတံအား လက်လွှတ်ရန်မလိုပဲ ထိန်းချုပ်ခလုပ်များပါရှိသည့် မောင်းတံများ တပ်ဆင်ထားခြင်းနှင့် အီလက်ထရောနစ် စနစ်သုံး ဒီဂျစ်တယ် စက်ခန်း၊ ခေတ်သစ် ရေဒါနှင့် IRST sensors များ၊ လောင်စာဆီ ပိုမိုသယ်ဆောင်နိုင်ခြင်းနှင့် အချို့ လေယာဉ်များတွင် ဝေဟင်ဆီဖြည့်စနစ်များ ပါဝင်ထားပါတယ်။ ဆိုဗီယက် ပြည်ထောင်စုပြိုးကွဲပြီးနောက်ပိုင်းတွင် ခွဲထွက်သောနိုင်ငံများဟာ မစ်-၂၉ ကို လက်ခံရယူခဲ့ကြပြီး တာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့ကြပါတယ်။ ထိုလက်ခံရယူခဲ့သည့် နိုင်ငံများတွင် ရုရှားလေတပ်သည် အကြီးဆုံးဖြစ်ပြီး မစ်-၂၉ အုပ်စုကို MiG-29SMT အဖြစ် အဆင့်မြှင့်တင်ခြင်းများပြုလုပ်လိုသော်လည်း တိုင်းပြည် ဘဏ္ဍာရေးအခက်အခဲများကြောင့် အကန်အသတ်ဖြင့်သာ ပြုလုပ်နိုင်ခဲ့ရပါတယ်။

မစ်-၂၉ ဟာ ထိုအချိန်တုန်းက နိုင်ငံခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချရသည့် လေယာဉ်အဖြစ်ကျော်ကြားပြီး နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့ရောင်းချခြင်း သို့မဟုတ် နောက်ပိုင်းတွင် အဆင့်မြှင့်တင်ပေးခြင်းများ ပြုလုပ်ပေးခဲ့ပါတယ်။ ထိုအထဲတွင် အိန္ဒိယနိုင်ငံဟာ လေယာဉ် တင်ပို့ပေးခဲ့ရသည့် အကြီးမားဆုံးသောဈေးကွက် တစ်ခုဖြစ်ပြီး ၂၀၀၆ ခုနှစ်ကတည်းက United Aircraft Corporation ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်လာသည့် မီခိုးရမ် ကုမ္ပဏီက မစ်-၂၉ များကို ထုတ်လုပ်ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။

Source : wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။