အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီး အိချောပိုကတော့ မိန်းကလေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့် ပိုပြီးနာမည်ကြီးသူလေးဖြစ်ပါတယ်။

အနုပညာလောကမှာ နေရာတစ်နေရာရရှိနေပြီဖြစ်တဲ့ အိချောပို ဟာ လက်တလော လူမှုကွန်ရက်မှာ သူမရဲ့ သင်္ကြန်ဖက်ရှင်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံလေးတွေက လူကြိုက်များလျက်ရှိပါတယ်။

အိချောပို တစ်ယောက် ယနေ့သင်္ကြန်အကြတ်နေ့မှာတော့ နေပြည်တော်က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဇေယျာသီရိမိသားစု မဟာသင်္ကြန်ရေကစားမဏ္ဍပ် မှာ သီချင်းတွေဆိုရင်း ဖျော်ဖြေခဲ့ပါတယ်။

အရင်နေ့တွေကထက် ပိုထူးခြားတဲ့ သူမရဲ့ သင်္ကြန်ဖက်ရှင်အနေနဲ့ စစ်ရောင်ဦးထုတ်လေးနဲ့ စစ်ရောင်အဝတ်အစား ကို လိုက်ဖက်စွာ လုံလုံခြုံခြုံလေးနဲ့ ဝတ်ဆင်ထားပါတယ်။ သူမရဲ့ အရပ်အမောင်း နဲ့ Body ကတော့ ပြောစရာမလိုလောက်အောင် ဝတ်စုံလေးနဲ့ လိုက်ဖက်လှပါတယ်။

အိချော ရဲ့ သင်္ကြန်အကြတ်နေ့ ဖက်ရှင်ကတော့ အလန်းဆုံးပဲလို့ ပရိသတ်အချို့က အကြိုက်တွေ့နေကြပါတယ်။ 

သတင်းအရင်းမြစ် Ei Chaw Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။