ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်တဲ့ ပြည်တွင်းမှာ သာသနာ့ဘောင်ဝင်ကြသူတွေများစွာရှိနေပြီး ငယ်ဖြူတွေလည်းမရေမတွက်နိုင်အောင်ရှိတာကိုတွေ့ရပါတယ်။ ငယ်ရွယ်သူကလေးငယ်များကို သာသနာ့ဘောင်သွင်းခြင်းဖြင့် မိဘတွေကကုသိုလ်ယူလေ့ရှိကြပြီး နှစ်စဉ်မပျက်အလှူပွဲတွေကျင်းပလေ့ရှိတာပဲဖြစ်ပါတယ်။  

မကြာသေးမီကလည်း သီလရှင်ဆရာလေးတစ်ဦးရဲ့ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်လေးထဲမှာတော့ သီလရှင်ဝတ်ချိန် ဆံပင်ရိတ်ရာမှာ မျက်ခုံးမွှေးအနည်းငယ်ပါသွားတာကြောင့် မျက်ရည်ကျခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

ငယ်ရွယ်သူကလေးတစ်ဦးဖြစ်တာနဲ့အညီ အလှအပကို မြတ်နိုးသူတစ်ယောက်ဖြစ်တာကြောင့် ပျက်ဆီးသွားတဲ့ မျက်ခုံးမွှေးအချို့ကြောင့် မျက်ရည်ကျခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ပရိသတ်တွေကြားရေပန်းစားနေတဲ့ ပြည်ဆရာသီလရှင်ဆရာလေးတစ်ပါးရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

VIDEO - PEOPLE VOICE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။