အက်ဗီညွန်မြို့ဆိုတာ ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းတွင်ရှိသော မြို့နယ်တစ်ခုဖြစ်ပြီး ဗောကလုစ် ဒေသအတွင်း တည်ရှိကာ ရုန်းမြစ်၏ လက်ဝဲဘက်ကမ်းပါးပေါ်တွင် တည်ရှိနေတဲ့မြို့ပဲ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် စာရင်းအရ လူဦးရေ ၉၀,၁၉၄ ဦးရှိပြီး ဒီအထဲမှ ၁၂,၀၀၀ ခန့်ဟာ အလယ်ခေတ် ခံတပ်ကတုပ်များဖြင့် ဝန်းရံထားသော မြို့ဟောင်းအတွင်း နေထိုင်ကြတာပဲ ဖြစ်ပါတယ်။ ၁၃၀၉ ခုနှစ်မှ ၁၃၇၇ အတွင်း အက်ဗီညွန်မြို့တွင် ပုပ်ရဟန်းမင်းများ စိုးစံနေထိုင်ရာ ဖြစ်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ၇ဦး အထိ အက်ဗီညွန်တွင် နေထိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

၁၃၄၈တွင် ဆဋ္ဌမမြောက် ပုပ်ရဟန်းမင်းကြီး ကလဲမန့်မှ မြို့အား နေပယ်လ်မှ ပထမမြောက် ဂျိုနာ ဘုရင်မထံမှ ဝယ်ယူခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးများသည် ၁၇၉၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပြီး ပြင်သစ်တော်လှန်ရေး အတွင်းတွင် ပြင်သစ်နိုင်ငံ၏ အစိတ်အပိုင်း ဖြစ်လာခဲ့ပြီး အခုအခါမှာတော့ အက်ဗီညွန်မြို့ဟာ ဗောကလုစ်ဒေသ၏ မြို့တော်ဖြစ်လာပြီး ပြင်သစ်နိုင်ငံအတွင်း ခံတပ်ကတုပ်များ ယနေ့အထိ ကျန်ရှိသေးသော မြို့များတွင် တစ်မြို့ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ပလိုင်ဒီပတ်စ်နန်းတော်၊ အက်ဗီညွန် ကက်သီဒရယ် ဘုရားကျောင်း နှင့် ပုန့်ဒီ အက်ဗီညွန် တံတားတို့ ပါဝင်တဲ့ သမိုင်းဝင်ဌာနကို ၁၉၉၅ ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ်သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ အလယ်ခေတ် အထိမ်းအမှတ် အဆောက်အဦးများနှင့် အက်ဗီညွန်ပွဲတော်တို့က မြို့အား ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာ အဓိက နေရာ ဖြစ်လာစေရန် ကူညီပေးလျှက် ရှိနေတာပဲ ဖြစ်ပါတယ်။

Source : wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။