အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က ပြောကြားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

သူပြောကြားခဲ့တာကတော့ မကြာမီကျင်းပပြုလုပ်မယ့် G20 ထိပ်သီးအစဉ်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင့်နဲ့ တွေ့ဖို့စီစဉ်ထားတယ်လို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

၎င်း G20 အစီးအဝေးပွဲဟာဆိုရင်လည်း ယခုလာမယ့် ဇွန်လ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ဂျပန်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်သလို ထရမ့်အနေနဲ့ ၎င်းအစဉ်းအဝေးပေါ်မှာ အများကြီးမျှော်လင့်ထားတယ်လို့သိရပါတယ်။

ဒါ့အပြင် ထရမ့်ဟာ အကယ်၍ သူနဲ့ ရှီကျင့်ဖျင်သာ ဆွေးနွေးမှုမအောင်မြင်ခဲ့ရင် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံလောက်တန်ကြေးရှိတဲ့ တရုတ်သွင်းကုန်တွေကို တကျော့ပြန် အခွန်ထပ်မံတင်းကျပ်သွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။

လာမယ့် G20 အစဉ်းအဝေးပွဲအတွင်းမှာဆိုရင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကသာ တရုတ်သမ္မတ ရှိကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိနေပေမယ့် တရုတ်သမ္မတကတော့ ဘာမှတုံပြန်ပြောကြားထားတာ မရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် တရုတ်အစိုးရပိုင် လုပ်ငန်းတွေအတွက် အမတော်ကြေး ထောက်ပံ့တာတွေကို ထိန်းချုပ်ဖို့နဲ့ တရုတ်ဈေးကွက်ထဲ အမေရိကန်ကုမ္ပဏီတွေကို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ခွင့်ပေးဖို့ အမေရိကန်က လိုလားနေပါတယ်။

SOURCE - CNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။