လက်ရှိအချိန်မှာတော့ လစ်လပ်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ်နေရာကို အစားထိုးတော့မယ်လို့သိရပါတယ်။

ဝန်ကြီးချုပ်ထရီဆာမေ ရာထူးကနှုတ်ထွက်ပြီး လစ်လပ်သွားတဲ့ ဝန်ကြီးချုပ်နေရာကိုတော့ ဆက်ဆံဖို့အဆိုတင်သွင်းထားသူ ကိုယ်စားလှယ်လောင်း ၁၀ ဦးရှိနေတယ်လို့ သိရပါတယ်။

၎င်းဆယ်ဦးကတော့ နိုင်ငံခြားရေးဝန်ကြီး ဂျရမယ်မီဟန့် ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး မိုက်ကယ်ဂါ့ဖ် ၊ ဘရက်ဇစ်ဝန်ကြီးဟောင်း ဒိုမယ်နစ်ရပ်ဘ် ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင် ၊ ကျန်းမာရေးဝန်ကြီး ဟန်းကော့ ၊ ပြာ်ထဲရေးဝန်ကြီး ဆာဂျစ် ဂျာဗစ် ၊ အပြည်ပြည်ဆိုင်ရာ ဖွံံဖြိုးတိုးတက်ရေးဝန်ကြီး ရိုရီစတီးဝပ် ။ အောက်လွှတ်တော်အကြီးအကဲဟောင်း ဒန်ဒရီယာ လီဆမ် ၊ ကွန်ဆာဗေးတစ်အမတ် မာ့ခါဟာပါနဲ့ ဝန်ကြီးဟောင်း အက်စ်သာမက်ဗေး တို့ဖြစ်တယ်လို့သိရပါတယ်။

၎င်းကိုယ်စားလှယ်လောင်းတွေထဲကမှ ဝန်ကြီးချုပ်နေရာအတွက် တစ်ပြေးနေတာကတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗြိတိန်ဝန်ကြီးချုပ်နေရာအတွက် ပထမအဆင့် မဲပေးရွှေးချယ်ပွဲကိုလည်း လာမယ့်ဇွန်လ ၁၃ ရက်နေ့မှာ ကွန်ဆာဗေးတစ်ပါတီအတွင်း ကျင်းပသွားမယ်လို့ သိရပါတယ်။

SOURCE - METRO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။