ပြီးခဲ့တဲ့ဇွန်လ ၁၀ ရက်နေ့မှာတော့ ဗင်နီဇွဲလားနိုင်ငံအတွင်းမှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

၎င်းဆန္ဒပြပွဲတွေကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပြတ်လပ်မှုရာကနေ စတင်ဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ဗင်နီဇွဲလားနိုင်ငံအတွင်းမှာ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ ပြတ်လပ်နေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေဟာ ဒီအခက်အခဲတွေကို ပြေလည်အောင်ဖန်တီးပေးဖို့ ဆန္ဒပြခဲ့ကြတာပဲဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းဆန္ဒပြပွဲအတွင်းမှာ ပါဝင်ခဲ့တဲ့ ဆရာဝန်တွေ ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ဆေးဝါးပစ္စည်းမလုံလောက်တဲ့ပြသနာကို ဖြေရှင်းပေးပြီး ပိုမိုကောင်းမွန်တဲ့ အလုပ်ခွင်အခြေအနေကို ဖန်တီးပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်။

လက်ရှိဗင်နီဇွဲလား သမ္မတ မာဒူရိုလက်ထက်မှာဆိုရင်လည်း ငွေကြေးဖောင်းပွမှုတွေကြောင့် နိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းတော်တော်များများ ပျက်ဆီးသွားခဲ့ရသလို နိုင်ငံထဲက ပြည်သူတွေကလည်း အငတ်ဘေးနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။

အတိုက်အခံခေါင်းဆောင် ဟွမ်ဂယ်ဒိုကတော့ ပြည်ပအကူအညီတွေရဖို့ ကြိုးစားနေပေမယ့် ပြည်သူအနည်းငယ်ကိုသာ အကူအညီပေးနိုင်သေးတယ်လို့ သိရပါတယ်။

SOURCE - REUTERS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။