ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် မြောက်ပိုင်းရှိဒေသအချို့တွင် သဘာဝဘေးအန္တရယ်ဆိုးကျရောက်မှုကို ခံစားနေရကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်တွေထဲမှာ မြခင်းသာလမ်းထောင့်ရှိ ကုက္ကိုလ်ပင်ငုတ်တိုရှိ သစ်ခေါင်းအတွင်းမှ ပဒူအုံနှင့် ပူဒူကောင်းများရဲ့ဖြစ်စဉ်ကတော့ ပရိသတ်တွေကြားမှာ ဆိုးဆိုးဝါးဝါးရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။  

အဆိုပါ ကုက္ကိုလ်ပင်ငုတ်ကတော့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၂)ရပ်ကွက်၊ ဦးကြင်ဥ(၃)လမ်းနှင့် မြခင်းသာလမ်းထောင့်မှာတည်ရှိပြီး ပတ်ဝန်းကျင်ရှိ ပြည်သူများစွာအား ထိခိုက်မှုများစွာရှိခဲ့ကြောင်း သိရပါတယ်။ ၎င်းဖြစ်စဉ်တွေကြောင့် ပတ်ဝန်းကျင်က သတ်ဆိုင်ရာတာဝန်ရှိသူတွေကို တိုင်းတန်းခဲ့ပြီး ၁၀ ရက်နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် သက်ဆိုင်ရာအဖွဲ့အစည်းတို့ ပူးပေါင်း၍ သစ်ခေါင်းအတွင်းရှိ ပဒူများအား Amofall ပိုးသတ်ဆေးရည်ဖျန်း၍လည်းကောင်း၊ မီးခိုးမှိုင်းတိုက်၍လည်းကောင်း၊ ရေဖျန်း၍လည်းကောင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ လုပ်ဆောင်မှုကြောင့် သိသိသာသာသက်သာခဲ့ပြီး ဒေသခံတွေကို ပျော်ရွှင်စေခဲ့ကြောင်း သိရပါတယ်။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အဆိုပါ ကုက္ကိုလ်ပင်ငုတ်တို သစ်ခေါင်းအတွင်း ပဒူအုံနှင့် ပဒူကောင်များရှင်းလင်းမှုပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

PHOTOS - MYANMAR FIRE SERVCICES DEPARTIMENT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။