ပရိသတ်တွေချစ်တဲ့ မင်းသမီးချောလေးနန်းမြတ်ဖြိုးသင်းဟာ သရုပ်ဆောင်ဘက်တွင်သာမကပဲ ဂီတဘက်မှာပါ ပါရမီထူးချွန်တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရသော်လည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကတော့ လျော့သွားတယ်မရှိပါဘူး။ 

သူမဟာ ခင်ပွန်းသည်တာတာမျိုးနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းလွန်းတဲ့ အိမ်ထောင်ရေးကိုရရှိပိုင်ဆိုင်ထားတာပါ။ မကြာခင်ကလည်း သူမတို့နှစ်ယောက်ရဲ့ဘဝလေးကို သားဦးလေးJack Jack ကဝင်ရောက်လာခဲ့ပါပြီ။ Jack Jack လေးဟာ နှစ်ဖက်အဖိုးအဖွားတွေရဲ့ မြေးဦးလေးဖြစ်တာကြောင့် အားလုံးကချစ်မဝနိုင်အောင် ဖြစ်နေကြတာပါ။ 

ဒီနေ့လေးကတော့ နန်းမြတ်တို့ရဲ့ သားဦးရတနာလေး Jack Jack လေးလူ့လောကထဲကို ရောက်ရှိလာတာ နှစ်လပြည့်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ နန်းမြတ်ရဲ့ ခင်ပွန်းဖြစ်သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာလည်း " ဒီနေ့ကျွန်တော်ဂျက်ဂျက်၂လပြည့်ပါပြီခင်ည " ဆိုပြီး ဝေမျှထားတာပါ။ ပရိသတ်ကြီးအတွက် နန်းမြတ်ရဲ့သားလေး Jack Jack ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Tar Tar Myo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။