ပရိသတ်တွေရဲ့ အချစ်တော်လေးတွေဖြစ်ကြတဲ့ Mini Mr & Miss Myanmar သားသားမီးမီးလေးတွေကတော့ ကိုယ်ပိုင်အရည်အချင်း Talent လေးတွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုစေတဲ့ အသည်းကျော်လေးတွေပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းပြီး သွက်လက်ထက်မြတ်တဲ့ ပုံရိပ်လေးတွေအပြင် မတူညီတဲ့ ကိုယ်ပိုင်အရည်အချင်းလေးတွေကြောင့်လည်း ပရိသတ်တွေကြား ရေပန်းစားနေကြတာလည်း တွေ့ရပါတယ်..။


ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း “ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားခဲ့ကြပြီး အတွဲလေးတွေနဲ့ သရုပ်ဆောင်ဖျော်ဖြေခဲ့ကြတဲ့ ပုံရိပ်လေးတွေကလည်း တကယ်ကို အသည်းယားစရာလေးတွေပါပဲ..။

အရွယ်နဲ့ မလိုက်အောင် သွက်လက်ပြီး လိုက်ဖက်ညီစွာ အတွဲညီညီသရုပ်ဆောင်ဖျော်ဖြေခဲ့ကြတဲ့ သူတို့လေးတွေရဲ့ အမှတ်တရဓာတ်ဖမ်းခဲ့ကြတဲ့ အမိုက်စားပုံရိပ်လေေးတွကိုလည်း ချစ်ပရိသတ်တွေ သဘောကျနေကြမှာပါနော်..။


“ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းလေးမှာ ချစ်စရာကောင်းလွန်းတဲ့ အတွဲလေးတွေအဖြစ် ပရိသတ်တွေကို အသည်းယားအချစ်ပိုစေခဲ့ကြတဲ့ Mini Mr & Miss Myanmar သားသားမီးမီးလေးတွေကတော့ တစ်နေ့တစ်ခြား မရိုးနိုင်အောင် သူတို့ရဲ့ အရည်အချင်းလေေးတွကို ထုတ်ပြနိုင်ကြသူလေးတွေပါပဲနော်..။

ဒီကနေ့လေးမှာတော့ ချစ်ပရိသတ်တွေအတွက် သူတို့လေးရဲ့ အတွဲညီညီသရုပ်ဆောင်ဖျော်ဖြေရင်း ဓာတ်ဖမ်းခဲ့ကြတဲ အမှတ်တရပုံရိပ်လေေးတွကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ အားပေးစကားလေးတွေနဲ့အတူ အသည်းလေးတွေလည်း ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo - Miss Golden Land Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။