ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် မတ်လတုန်းက စစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးရဲ့ အောင်စာရင်းကတော့ ပြီးခဲ့တဲ့ ဇွန်လ၊ (၈) ရက်နေ့ မနက်အစောပိုင်းမှာ ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဆယ်တန်းအောင်စာရင်းတွေ ထွက်ရှိလာပြီးတဲ့ နောက်မှာတော့ ဂီတာနိုင်ဇော်ရဲ့ သမီးလေးကလည်း ဂုဏ်ထူးခြောက်ဘာသာနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။ အခုချိန်မှာတော့ Lazy Club အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂီတာနိုင်ဇော်က ပညာရေးမှာ ထူးချွန်လွန်းတဲ့ သမီးလေးကြောင့် မျက်နှာပွင့်နေရပြီပဲ ဖြစ်ပါတယ်။

ဆယ်တန်းစာမေးပွဲကြီးမှာ ဂီတာနိုင်ဇော်ရဲ့သမီးလေးဖြစ်တဲ့ မမိုးဖြူစင်ဇော် (ဆပဇ - ၄၄) က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဆိုပြီး ဂုဏ်ထူးခြောက်ဘာသာနဲ့ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဆယ်တန်းအမှတ်စာရင်းတွေ ထုတ်ကြည့်လို့ရပြီဖြစ်တာကြောင့် နိုင်ဇော်က သမီးလေးအတွက် ကိုယ်တိုင်အမှတ်စာရင်း သွားထုတ်ကြည့်ခဲ့ပါတယ်။ သမီးလေး မိုးဖြူစင်ဇော်ရဲ့ အမှတ်စာရင်းအရ ဘာသာတိုင်းမှာ ဂုဏ်ထူးမှတ်တွေ ကျော်လွန်နေခဲ့တာလည်း တွေ့ရပါတယ်။

မမိုးဖြူစင်ဇော်က တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးမှာ ဘာသာစုံ စုစုပေါင်းအမှတ် ( ၅၂၁) မှတ်နဲ့ ထူးထူးချွန်ချွန် အောင်မြင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ဇော်က " သမီးအတွက် အမှတ်စာရင်း သွားထုတ်ပေးရင်း အမှတ်တွေသိရလို့ ထပ်ပျော်နိုင်ပါပြီ " ဆိုပြီး သမီးလေးအတွက် ဝမ်းသာဂုဏ်ယူနေရတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဂီတာ နိုင်ဇော်ရဲ့သမီးလေး မမိုးဖြူစင်ဇော်ရဲ့ ဆယ်တန်းအမှတ်စာရင်းကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Naing Zaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။