မိတ်ကပ် မထက်ဆိုတာနဲ့ မသိသူမရှိလောက်အောင် မိတ်ကပ်ပညာနယ်ပယ်မှာ အောင်မြင်နေတဲ့သူမက ထူးချွန်တဲ့မိတ်ကပ်ပညာရှင်တစ်ဦး ဖြစ်ပါတယ်။ မိန်းကလေးအဖြစ် ပြောင်းလဲခံယူခဲ့တဲ့ မထက်ကတော့ အခုဆိုရင် ဆွဲဆောင်မှုအပြည့်နဲ့ ပိုလှလာခဲ့သလို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလဲ စတင်ရရှိလာသူလေးဆိုလဲ မမှားပါဘူး။  

မထက်ကတော့ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အမိုက်စားအလှအပတွေကြောင့် ပုရိသတွေရေပန်းစားနေသူလေးပဲဖြစ်ပါတယ်။ မထက်ကတော့ " ငယ်သေးရင်တော့ နံရိုးချိုးတာတို့ တင်ပါးဆီလီကွန်ထည့်တာတို့ လုပ်ချင်သေးတယ် လက်ရှိတော့ အသက်နည်းနည်းရလာတော့ မျက်ရစ်လုပ်ဖို့တော့ရှိတယ်" လို့ဆိုလာခဲ့ပါတယ်။ 

မထက်ကတော့ အချစ်ရေးနဲ့ ပက်သက်ပြီး " အိမ်ထောင်ရေး စဉ်းကိုမစဉ်းတာ မလိုချင်လို့မဟုတ်ဘူး လိုချင်တယ် ဒီလူမှုအသိုင်းအဝိုင်းထဲမှာ မဖြစ်နိုင်ဘူးဆိုတာသိလို့ပါ " ဆိုပြီး myanmarload tvမှာဖြေကြားပေးခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မထက်ရဲ့ ဗီဒီယိုလေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

source: myanmarload tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။