အနုပညာလောကမှာ ရေပန်းစားခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ အရင်ကတည်းက အိုင်တင်ကောင်းခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ကို အများက မခိုင်လို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့ ဇာတ်ကားများဟာဆိုရင် တိကျပိုင်နိုင်တဲ့အိုင်တင်တွေကြောင့် ပရိတ်သတ်တွေအကြိုက်နဲ့ထပ်တူကျတဲ့အပြင် အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးရရှိထားပါသေးတယ်နော်။မခိုင်ရဲ့ အပြင်အဆင်တွေကလည်း တခြားမင်းသမီးတွေနဲ့မတူဘဲ ဖက်ရှင်ကျလွန်းတဲ့ ဒီဇိုင်းတွေကြောင့် အများနဲ့မတူဘဲ တစ်မျိုးလေးဆန်းနေပါတယ်။

ထွန်းအိန္ဒြာဗိုလ်က သူမချစ်တဲ့သူနဲ့ အိမ်ထောင်ပြုလိုက်ပြီး သာယာအေးချမ်းတဲ့ ဘဝလေးတစ်ခုကို နှစ်ဦးသားပေါင်းစပ်ထားကြပါတယ်။သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်းက အခုဆိုရင် နှစ်၂၀ ကျော်ခဲ့ပြီးသားလေးတစ်ယောက်ကလည်း မေမေအတွက်အားကိုးလို့ရတဲ့ အရွယ်ရောက်နေပါပြီနော်။ထွန်းအိန္ဒြာဗိုလ်ရဲ့မိသားစုလေးက ပြီးပြည့်စုံပြီးတည်ငြိမ်အေးချမ်းတဲ့မိသားစုလေးဖြစ်လို့ ပရိတ်သတ်တွေကအားကျနေရတာပါ။

ထွန်းအိန္ဒြာဗိုလ်ရဲ့သားလေးကလည်း မိဘတွေအပေါ်လိမ္မာသိတတ်ပြီး စကားနားထောင်တဲ့ကလေးပါ။ဘက်စုံထူးချွန်ထက်မြက်တဲ့သားလေးဖြစ်လို့လည်း ဖေဖေ မေမေ တို့အတွက် မျက်နှာပွင့်စေပါတယ်နော်။အခုဆိုရင်တော့ မေမေထွန်းအိန္ဒြာဗိုလ်က သားလေး ဂေါက်ရိုက်တာနဲ့ စကိတ်စီးတာကို ပဌာန်း ရွတ်ရင်း ထိုင်စောင့်နေပြီး သားလေးကို အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်နေတာဖြစ်ပါတယ်နော်။

Source:Mi Mi Khine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။