အမေရိကန် နိုင်ငံ နယူးယောက်မြို့မှာ Uber တက္ကစီ ကို စီးနင်းသူ ခရီးသည် ဆယ်ကျော်သက် အမျိုးသမီး တစ်ယောက် ဟာ တက္ကစီ မောင်းသူ ထံမှ ငွေခိုးယူခဲ့ ကြောင်း ဗီဒီယို ကင်မရာမှတစ်ဆင့် ဖော်ထုတ်တွေ့ရှိခဲ့ရပါတယ်။ သူမ ရဲ့ နာမည်က တော့ Gabrielle Canales ဖြစ်ပြီး သူမဟာ သူငယ်ချင်းနှစ်ယောက်နဲ့အတူ Uber တက္ကစီကို ဌားစီးခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ သူမဟာ ကားပေါ်မှာ ဗီဒီယိုကင်မရာတစ်ခု တပ်ဆင်ထားတာကို သတိမထားမိဘဲ ကားမောင်းသမားရဲ့ ပိုက်ဆံပုံးထဲက ပိုက်ဆံတွေကို နှိုက်ယူခဲ့တာပဲဖြစ်ပါတယ်။

ပထမတစ်ကြိမ်နှိုက်ဖို့ လက်ပြင်ပြီးကာမှ စက္ကန့်ပိုင်းလောက်သူမဟာ အနည်းငယ်တွေဝေသွားတာတွေ့ရပြီး နောက်မှာတော့ သူမရဲ့လက်တစ်ဆုပ်လာလောက် ငွေတွေကို ပိုက်ဆံပုံးထဲကနေ နှိုက်ယူသွားခဲ့တာပဲဖြစ်ပါတယ်။

သူမနှိုက်ယူနေပုံအဆင့်ဆင့်ကိုလည်း ကားမှာတပ်ဆင်ထားတဲ့ ကင်မရာကနေ မှတ်တမ်းတင်ထားနိုင်တာကြောင့် ကားမောင်းသမားကလည်း သူ့ပိုက်ဆံတွေ အခိုးခံရိုက်လာတာကို အနှေးနဲ့ အမြန်ဆိုသလို သိရှိသွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ၎င်းဗီဒီယိုကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေခဲ့ပြီး ငွေခိုးယူသွားတဲ့ ကောင်မလေးရဲ့လုပ်ရပ်ကို လူအများသိအောင်ပြသခဲ့ပါတယ်။

ဒီဖြစ်ရပ်ကိုသိရှိသူအများစုဟာဆိုရင်လည်း အကျင့်စရိုက်က ပြင်ဖို့ခက်ခဲလှတယ်ဆိုပေမယ့် အသက်လေးကလည်းငယ် ရုပ်ကလေးကလည်းချောမောသူတစ်ယောက်အနေနဲ့တော့ ဒီလိုကြီးမခိုးယူသင့်ပါဘူးလို့ ပြောကြားနေကြတာတွေ့ရပါတယ်။  

source - Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။