လူတိုင်းကတော့ သာယာတဲ့ အချစ်ရေးကို လိုချင်ကြတာပဲလေ....အဲ့လိုအချစ်ရေးသာယာဖို့အတွက် နှစ်ဦးနှစ်ဘက်စလုံးက လိုအပ်ပါတယ်။ ဒါပေမဲ့ ကောင်လေးတွေက ကောင်မလေးတွေထက်ပိုလိုတယ်လို့ ပညာရှင်တွေက ပြောပြခဲ့ပါတယ်။ ကောင်လေးတွေသာ ကောင်မလေးတွေကို သည်းသည်းလှုပ်ချစ်ပြရင် ပျော်ရွှင်သာယာကြရမှာပါပဲ။ ကိုယ်ကောင်မလေးကို ပထမဆုံး လေးစားမှုထားပြီး ဆက်ဆံပေးပါ။ ကိုယ့်ကောင်မလေးကို ငါယောကျ်ားမို့ ပြောချင်တာပြောမယ်ဆိုပြီး မလုပ်သင့်ပါဘူး။ ကိုယ်က ယောကျ်ားလေးဖြစ်ပေမဲ့လဲ ခုလိုအေးအေးဆေးဆေးလေး စကားပြောဆိုမယ်...ဘယ်လိုလဲဆိုတော့ ညင်ညင်သာသာလေး စကားကိုပြောဆိုပေးရပါမယ်။ 

ချစ်သူကောင်မလေးရဲ့ ခန္ဓာကိုယ်ကပြုမှုဖြစ်ပေါ်နေတဲ့ အမူအရာတွေကို သိတက်ပါ....သင်ပြုမှုတဲ့ ပုံစံတွေ စကားပြောတဲ့ပုံစံတွေကိုသာကြိုက်ရင် သူရဲ့ခန္ဓာကိုယ်အမူအရာက တစ်မျိုးဖြစ်နေပြီး စိတ်ဆိုးနေရင် တစ်မျိုးဖြစ်နေပါလိမ့်မယ်။ ညီတူမျှတူ သူ့ကိုဆက်ဆံပါ....ရိုးသားပါ....သူမကို စိတ်ပျက်စေမိရင် တောင်းပန်ဖို့ဝန်မလေးပါနဲ့ ချစ်ရင် အလျော့ပေးလိုက်ပါ။ သင်ဂရုစိုက်တယ်ဆိုတာကို ကောင်မလေးဘက်က သိအောင်လုပ်ပါ....သူ့ကိုသတိရတဲ့အခါတွေ သူအကြောင်းတွေတွေူမိတဲ့အခါ သူမဆိကို ရိုးရိုးတန်းတန်းလေး " သတိရတယ်ကွယ်...ခုချိန်ဘာလုပ်နေလဲဟင်....ကိုတော့ သတိရလို့ လုပ်နေတဲ့အရာတောင် စိတ်ထဲ မရောက်တော့ဘူး " ဆိုပြီး အဲ့လိုမျိုးစာတွေ သတိရတိုင်းပို့ပေးပါ။ 

ကောင်မလေး သူငယ်ချင်းတွေနဲ့ ခင်မင်အောင်နေပါ....ချစ်သူဖြစ်သူကောင်မလေးကို Surprise တွေလုပ်ပေးပါ ကြီးကြီးမားမားလုပ်ဖို့မလိုပါဘူး...ရိုးရိုးရှင်းရှင်းလေးပါပဲ။ ချစ်သူနဲ့အတူ အချိန်တွေကို အတူတူဖြတန်သန်းပါ....ကောင်မလေးကို အချိန်ပေးပါ။ ချစ်သူကောင်မလေးကို ရုံးပိတ်ရက်တွေမှာ ချိန်းတွေပေးပါ...သူမဘက်ကလဲ ပျော်ရွှင်နေမှာပါ။ ချိန်းတွေတဲ့ခါကျရင်လဲ အတူတူလျှောက်လည်တာတို့ ရုပ်ရှင်ကြည်တာတို့ စသဖြင့်ပြုလုပ်ပေးပါ။ တစ်ခါတစ်လေ ကိုယ့်သူငယ်ချင်းအတွဲတွေနဲ့ ကိုယ့်အတွဲအတူတူချိန်းတွေကြပြီး ညစာအတူတူစားပါ။ အဲ့ခါကျရင်ဘာတွေဘယ်လိုဖြစ်သွားမလဲဆိုတာကို သိရပါလိမ်မယ်။ 

Source : Wikihow 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။