မိတ်ကပ်လောကရဲ့ အကျော်အမော်တစ်ဦးဖြစ်တဲ့ ညီညီမောင် (စမ်းချောင်း)ကတော့ Social Media ထက်မှာ မသိသူမရှိလောက်အောင် အောင်မြင်နေတဲ့ Cele တစ်ဦး ဖြစ်ပါတယ်။ သုသုလို့ အားလုံးက ချစ်စနိုးခေါ်ဝေါ်ရတဲ့ သူမက ပရိသတ်တွေအားလုံး ပျော်ရွှင်ရအောင် ဟာသဗီဒီယိုလေးတွေကို မကြာခဏ တင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ ဟန်ဆောင်မှုကင်းကင်းနဲ့ ပျော်ပျော်နေတတ်တဲ့ သုသုရဲ့ဗီဒီယိုလေးတွေကလည်း အူတက်အောင် ရယ်မောနေရတာ ဖြစ်ပါတယ်။

ပါးစပ်မစိနိုင်လောက်အောင် ရယ်နေရတဲ့ ဒီဟာသဗီဒီယိုလေးတွေကြောင့်လည်း ပရိသတ်တွေအားလုံးက သုသုကို အချစ်ပိုနေရတာ ဖြစ်ပါတယ်။ အခုလည်း သုသုက ပရိသတ်တွေအတွက် အခွီတလိုင်း ဗီဒီယိုလေးတစ်ခုကို အသစ်တင်လိုက်တာ တွေ့ရပါတယ်။ သုသုက '' အား...ကလေးများ မကြည့်ရ'' ဆိုပြီး သူမရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။ 

ဒီဗီဒီယိုလေးရဲ့အစမှာတော့ သုသုက အသည်းယားစရာကောင်းတဲ့ အသံလေးနဲ့ အား..ဆိုပြီး အော်ဟစ်နေတာ တွေ့ရပါတယ်။ အမှန်တကယ်မှာတော့ သုသုက ခြေသလုံးမွေးတွေကို Waxing လုပ်ပြီး ဖယ်ရှားနေတာကြောင့် နာလွန်းလို့ အော်ဟစ်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အခွီပုံစံရိုက်ကူးထားတဲ့ သုသုရဲ့ ဗီဒီယိုဖိုင်အသစ်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Nyi Nyi Maung; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။