ယနေ့အချိန်ထိ ပြည်သူပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်တွေထဲမှာ ဝါရင့်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ထက်ထက်မိုးဦးကတော့ အားလုံးရဲ့ အချစ်တော်လေးပါပဲ..။

သရုပ်ဆောင်ပိုင်နိုင်ကျွမ်းကျင်မှုတွေအပြင် ရိုးသားဖြူစင်ပြီး ချစ်စရာကောင်းတဲ့ စကားပြောဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေကို အမြဲအချစ်ပိုနေရတာပါနော်..။

ပရိသတ်တွေရဲ့ အချစ်တော်ထက်ထက်မိုဦးကတော့ လတ်တလောမှာ ကျန်းမာရေးအခြေအနေကြောင့် မန္တလေးမြို့ မန္တလာဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာ တွေ့ရပါတယ်..။

ကျန်းမာရေးသိပ်မကောင်းတဲ့ ထက်ထက်ဟာ မနက်ဖြန်ဇွန်လ (၁၃)ရက်နေ့ မနက်(၆)နာရီအှာ ခွဲစိတ်ကုသမှု ခံယူရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်နော်..။

ခွဲစိတ်ကုသမှုခံယူရမယ့် ပြည်သူ့အချစ်တော် ထက်ထက်အတွက် ပရိသတ်တွေအားလုံးက စိတ်ပူနေကြပြီး ဆုတောင်းစကားလေးတွေလည်း ပြောပေးထားကြတာ တွေ့ရပါနော်..။

မနက်ဖြန်မှာ ခွဲခန်းဝင်ရမယ့် အချစ်တော်လေး ထက်ထက်အတွက် Myanmarload မှလည်း ချစ်ပရိသတ်တွေနဲ့အတူ ခွဲစိတ်ကုသမှုအောင်မြင်ဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်နော်..။

Photo - မန္တလေးပက်စီ၊ We love Htet Htet Moe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။