ခရီးသွားခြင်းဟာ သိသိသာသာ ဘဝအတွက် မမေ့ပျောက်နိုင်တဲ့ အမှတ်တရ ပျော်ရွှင်မှုတွေကိုရရှိစေတာမှန်ပေမယ့်...၊ တစ်ခါတစ်ရံမှာတော့ အလုပ်နဲ့ခရီးသွားရခြင်းက စိတ်ဖိစီးမှုအနည်းအကျဉ်းတော့ရှိစေတာအမှန်ပါ...။ တစ်နေ့မှာ "Wesley" ဆိုသူက "Belize" ဆိုတဲ့ ကျွန်းမှာ ရှုခင်းတွေကို ဓာတ်ပုံရိုက်ရဖို့အတွက် အလုပ်ရရှိခဲ့ပါတယ်...။ ထိုသူကလည်း ပျော်ရွှင်စွာနဲ့ပဲ ထိုကျွန်းလေးရှိရာသို့ အလုပ်နဲ့ခရီးထွက်ခဲ့ပါတယ်..။ "Belize" ဆိုတဲ့နေရာကတော့ အမေရိက အလယ်ပိုင်းမှာတည်ရှိပါတယ်..။ ထိုသူရဲ့ ပျော်ရွှင်စရာခရီးလေးဟာဆိုရင်တော့ ဝမ်းနည်းပီတိဖြစ်ဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ခဲ့တာမလို့ လိုလိုမယ်မယ် တစ်သျှူးလေးလည်း ဆောင်ထားပါဦးနော်....။

"Thatch Caye" ဆိုတာကတော့ "Belize" ရဲ့ သေးငယ်တဲ့ကျွန်းလေးပဲဖြစ်ပါတယ်....။ ထိုကျွန်လေးသို့ ဓာတ်ပုံရိုက်ရဖို့အတွက် ရောက်ရှိခဲ့ပြီး...၊ အမှတ်မထင်သူရဲ့ မြင်ကွင်းလေးထဲမှာ ရင်ထဲဆို့နစ်ဖွယ်အရာတစ်ခုကရောက်ရှိလာပါတယ်....။ ထိုအရာလေးကတော့ "ငါးအစာရှာထွက်လာတဲ့ အမှီးတနမ့်နမ့် နဲ့ ပိန်လှီနေတဲ့ ခွေးလေးတစ်ကောင်ပဲဖြစ်တယ်လို့..." wesley က "Dodo" အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်...။ ထိုငတ်မွတ်နေတဲ့ ခွေးလေးကို ကယ်တင်ခဲ့ပြီး "Winston" လို့ပေးခဲ့ပါတယ်...။ ထိုခွေးလေးကို တွေ့တွေ့ချင်းပဲ ပါလာတဲ့ အစားအစားတွေကို ချကျွေးခဲ့ပါတယ်...။ ခွေးလေးဟာ အဟာရချို့တဲ့လွန်းတဲ့ အတွက်ကြောင့် "Medical treatment" လုပ်ဖို့လိုအပ်နေပါတယ်...။ "ပိုက်ဆံအလုံအလောက် မပါလာတဲ့အတွက်ကြောင့် စိတ်မကောင်းဖြစ်ရပါသေးတယ်လို့" အင်တာဗျူးမှာ ဖြေကြားထားတွေအရ သိရပါတယ်....။

ကံကောင်းထောက်မစွာနဲ့ဘဲ သူငယ်ချင်းတစ်ယောက်ဆီက"GoFundMe" acc နဲ့ လိုအပ်တဲ့ ပိုက်ဆံအလုံအလောက်ကို လက်ခံရရှိခဲ့ပါတယ်..။ "Wesley" နှင့် သူငယ်ချင်းအမျိုးသမီးတို့ရဲ့ ကူညီစောင့်ရှောက်မှုနဲ့ ခွေးလေးဟာ အခြေအနေတော်တော်ပြန်ကောင်းလာခဲ့ပြီး ထူထူထောင်ထောင်ပြန်ဖြစ်လာပါပြီ...။ အခုမှာဆိုရင် "Winston" လေးဟာ ၃၆ ပေါင်ရှိလာပြီး အားအင်ပြည့်ဝပြီး မျိုးကောင်းခွေးလေးလို ကျန်းမာသန်စွမ်းနေတာပါ...။ 24 ပေါင် အလေးချိန်ရှိတဲ့ တောရိုင်းခွေးလေးနှစ်ကောင်ကိုလည်း ထပ်မံရှာတွေခဲ့ပြီး "Winston" လေးလို လိမ္မာယဉ်ကျေးပြီး ချစ်ဖို့ကောင်းတဲ့ ခွေးလေးတွေဖြစ်အောင်ပြုစုပျိုးထောင်ပေးနေပါတယ်လို့ "Wesley" က သူရဲ့ facebook စာမျက်နှာပေါ်တွင်ရေးသားဖော်ပြထားတာပါ...။ ဗဟုသုတဖြစ်ဖွယ် ဝမ်းနည်းပီတိသတင်းလေးဖြစ်တာမလို့ "Winston" နဲ့ အကြင်နာတရားရှိတဲ့ သခင်တို့အကြောင်းကို ရေးသားတင်ဆက်ပေးလိုက်ပြီး ဗီဒီယိုဖိုင်ကိုလည်း ခံစားသွားပါဦးနော်....။

Source Life Buzz

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။