ပရိသတ်ကြီးရေ သဘာဝမင်းသားကြီးတစ်လက်လို့ ပရိသတ်တွေက တင်စားခေါ်ဝေါ်ကြတဲ့ အကယ်ဒမီမြင့်မြတ်ကတော့ ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို သဘာဝကျကျသရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေက ချစ်ခင်အားပေးကြပါတယ်နော်။မြင့်မြတ်ကတော့ အနုပညာလောကထဲကို တစ်ခေတ်တစ်ခါတည်းက ဝင်ရောက်လာခဲ့ပြီး အခုချိန်မှာဆိုရင်တော့ အောင်မြင်မှုတွေကို တစ်ပွေ့တစ်ပိုက်ပိုင်ဆိုင်ထားပါပြီ။

မြင့်မြတ်ကတော့ နှစ်တွေအများကြီးချစ်သူဖြစ်ခဲ့တဲ့ ချစ်သူနဲ့ နှစ်ကိုယ်တူဘဝလေးကိုတည်ဆောက်လိုက်ကာ အခုဆိုရင် သားလေးတစ်ယောက်ကိုတောင်မွေးဖွားထားပါပြီနော်။သားလေးကလည်း ဖေဖေနဲ့တူတာဖြစ်လို့ မျက်နှာလေးက အမြဲတမ်းပြုံးရွှင်ရယ်မောနေပြီး လူချစ်လူခင်ပေါများတဲ့ကလေးလေးပါ။မြင့်မြတ်ရဲ့သားလေးကို ပရိသတ်တွေက ဂျူနီယာမြင့်မြတ်လေး ဂျင်းကောင်လေးလို့ ချစ်စနိုးလေးခေါ်ဝေါ်ကြပါတယ်။

မြင့်မြတ်တို့ဇနီးမောင်နှံကတော့ သားလေးနာမည်ကို မြတ်သူလို့ ပေးထားကြပြီး ဖေဖေမြင့်မြတ်ကတော့ သားလေးကိုချစ်လွန်းလို့ ခေါ်သွားလို့ရတဲ့နေရာမှန်သမျှကိုခေါ်သွားနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း မြင့်မြတ်က ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပြင်ဦးလွင်မှာ shooting ရှိတာကြောင့် သားလေးမြတ်သူကလည်း ဖေဖေ့နောက်ကိုလိုက်သွားပါတယ်နော်။မြင့်မြတ်ရဲ့သားလေးကတော့ တစ်နေ့တစ်ခြားဖေဖေနဲ့ ပိုပိုတူလာပြီး အရမ်းချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Myat Wai Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။