Beauty Blogger မလေးချီချီကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာပဲ ဖြစ်ပြီး အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ်သို့ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ သူမရဲ့အမူအကျင့်နဲ့စိတ်ထားလေးဟာလည်း ဖြူစင်လွန်းတာကြောင့်လည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းတွေကို အများကြီးရရှိထားသူပါ။ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနေရတာပဲဖြစ်ပါတယ်။  

အဘက်ဘက်မှာတော်လွန်းတဲ့သူ့ရဲ့ကြိုးစားမှုစိတ်ဓာတ်လေးတွေကတော့ပရိသတ်တွေအားကျအတုယူစရာပဲဖြစ်ပါတယ်။ ချီချီကတော့ပရိသတ်တွေကိုလှစေချင်ရုံသာမကသူမကိုယ်တိုင်လည်းအလှဆုံးနေထိုင်တက်တဲ့သူတစ်ယောက်ပါ။သူ့ရဲ့ပွင့်လင့်ပြီးဖြူစင်တဲ့စိတ်ထားလေးကြောင့်လည်းပရိသတ်တွေရဲ့အချစ်ကိုအပြည့်ရထားပြီးအောင်မြင်နေတာဖြစ်ပါတယ်။

သူမဟာ မနေ့ကတော့ ကြော်ငြာရိုက်ကွင်းပေါ်ကဗီဒီယိုလေးကို သူမရဲ့Instagram လူမှုကွန်ယက်မှာ ဝေမျှထားတာပါ။ သူမဟာ ဒီဗီဒီယိုလေးထဲမှာ သက်ရှိဘာဘီအရုပ်မလေးတစ်ယောက်လို အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတာပါ။ ပရိသတ်ကြီးအတွက် ချီချီရဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Nay Chi Oo and May Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။