မန်ယူအသင်းမှာခြေစွမ်းပြဂိုးတွေသွင်းယူပြီးအောင်မြင်မှုတွေများစွာယူပေးခဲ့တဲ့တိုက်စစ်မှူးဟောင်းရွန်းနီကတော့ခုမှာသူ့ချစ်ဇနီးလေးနဲ့မင်္ဂလာသက်တမ်း၁၁နှစ်ပြည့်သွားပြီဖြစ်ပါတယ်။သူကတော့လက်ရှိအချိန်မှာ မေဂျာလိဒ်ကလပ် DC United မှာခြေစွမ်းပြနေတဲ့ကစားသမားပဲဖြစ်ပါတယ်။

ခုလိုဘောလုံးလောကမှာလည်းအောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပြီးပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားတာကတော့အားကျစရာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတော့တစ်ခြားနာမည်ကျော်ကစားသမားတွေလိုအပျော်အပါးတွေမရှာပဲတစ်ယောက်တည်းကိုပဲသစွာရှိရှိချစ်တဲ့အားကျစရာစုံတွဲလေးပဲဖြစ်ပါတယ်။ခုမှာတော့သူတို့နှစ်ယောက်ဟာမင်္ဂလာသက်တမ်း၁၁နှစ်ပြည့်ခဲ့ပေမယ့်တစ်ယောက်ကိုတစ်ယောက်အချစ်တွေအပြည့်နဲ့ကြည်နူးနေတုန်းပဲဖြစ်ပါတယ်။

ဒီနေ့၁၁နှစ်ပြည့်မင်္ဂလာနေ့လေးမှာတော့ရွန်းနီကသူ့ချစ်ဇနီးလေးကိုအင်စတာဂရမ်ကနေဆုတောင်းစကားလေးနဲ့ချစ်နေတာလေးကလည်းကြည့်နေတဲ့ပရိသတ်တွေကိုကြည်နူးစေတာပါ။ပရိသတ်တွေလည်းတစ်ယောက်ကိုတစ်ယောက်ယနေ့တိုင်အချစ်ပိုနေကြတဲ့ရွန်းနီတို့စုံတွဲလေးကိုလည်းဆုတောင်းစကားတွေနဲ့အားပေးကြပါဦးနော်။

Source:Wayne Rooney

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။