ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောဆုပန်ထွာကတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်မင်းသမီးတစ်ဦးဖြစ်သလို သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်..။

အေးချမ်းပြီး ကြည်နူးအားကျစရာကောင်းလွန်းတဲ့ သူမတို့ရဲ့မိသားစုလေးကတော့ ချစ်စရာကောင်းလွန်းတဲ့ သားချောလေးကလည်း ပရိသတ်တွေအားပေးချစ်ခင်နေကြတဲ့ ပြည်သူ့အသည်းကျော်လေး တစ်ဦးပါပဲ..။


မိသားစုကို အချိန်ပေးဖြစ်သလို ချစ်ပရိသတ်တွေအတွက်လည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ပန်ပန်ကတော့ သူမရဲ့အနုပညာအလုပ်တွေကြောင့် မကြာခဏခရီးတွေလည်း ထွက်ရှိနေတာ တွေ့ရပြီး မိသားစုလိုက်လည်း ကြော်ငြာလေးတွေ ရိုက်ကူးပေးဖြစ်နေတာ တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း သူမသိပ်ချစ်ရတဲ့ သားအဖနှစ်ယောက် “အဖေများနေ့” အတွက် ရိုက်ကူးနေကြတဲ့ ရှုတင်လေးမှာ ကူညီပေးရင်း ဓာတ်ဖမ်းထားတဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ အချစ်ပိုနေကြတဲ့ သားအဖနှစ်ယောက်ကို သဝန်တိုနေပါတယ်နော်..။


ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ပတ်လောက် ခရီးထွက်နေတဲ့ သူမကိုဖယ်ပြီး အချစ်ပိုနေကြတဲ့ သားအဖနှစ်ယောက်ကို အိုဗာတင်းသားအဖတွေလို့ နာမည်ပြောင်လေးပေးထားကာ ချစ်နေကြတဲ့သားအဖတွေကိုကြည့်ပြီး သဝန်တိုနေတဲ့အကြောင်းလေးကို ပန်ပန်က အခုလို ချစ်စဖွယ်လေး ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

“အဖေများနေ့အတွက် သူတို့သားအဖနှစ်ယောက်ရဲ့ဒီနေ့ရှူတင်!

ကိုယ်ကသူတို့နှစ်ယောက်ရဲ့တောက်တိုမယ်ရ။ ကိုယ်ကဓါတ်ပုံလိုက်ရိုက်ပေးရသောသူ။ သားအဖနှစ်ယောက်ချွဲချက်။ သူ့သားကလည်းသူ့အဖေကိုပက်ကျိလိုကပ်၊ သူ့အဖေကလည်းသူ့သားကို သဲသဲလှူပ်။ ကိုယ်ခရီးသွားတာ ၈ရက်။ဟယ်....သူတို့နှစ်ယောက်ကအဲ့လိုချစ်နေကြတာလားဟ။ သူ့အဖေကတော့ သူ့သားသူ့ကပ်လေ သွားကြီးကိုဖြီးလို့။

နာမည်ပေးထားတယ် "Overtine သားဖ" လို့

မနာလိုဘူးစိတ်က...

သို့ပေတိ...ချစ်တယ်

ကိုယ်ရိုက်ထားတဲ့ Snap ပုံလေးတေ။အမယ်...ရိုက်တဲ့သူတေတောင်ကိုယ့်ဆီကပြန်တောင်းသွားသေး...” ဆိုပြီး သဘောကျစွာနဲ့ ချစ်စဖွယ်လေး ပြန်လည်ပြောပြထားတာမို့ မြင်သူပရိသတ်တွေကိုလည်း အပျော်လေးတွေတောင် ကူးစက်စေပါတယ်နော်..။

Photo - ဆုပန်ထွာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။