ပရိသတ်တွေကြားမှာပျော်ရွင်ပြီးအားကျစရာမိသားစုပုံရိပ်လေးတွေကြောင့်ပရိသတ်တွေပါကြည်နူးပီတိဖြစ်နေရတာကတော့ပိုင်ဇေရဲထွန်းတို့မိသားစုပဲဖြစ်ပါတယ်။သူတို့မိသားစုလေးဟာအမြဲနွေးထွေးပြီးမိသားစုလိုက်အချိန်ပေးပြီးအချိန်တိုင်းကိုဖြတ်သန်းနေတာကြောင့်အနုပညာရှင်အချင်းချင်းတောင်အားကျပြီးနှစ်သက်နေရတာပါ။ သူတို့မိသားစုပုံရိပ်လေးတွေတိုင်းကိုလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးအချိန်တိုင်းသူတို့မိသားစုလေးကပျော်ရွှင်ကြည်နူးစရာကောင်းတာကြောင့် ကြည့်ရတဲ့သူကိုအမြဲကြည်နူးပီတိဖြစ်စေရတာပါ။ 

သူတို့ဇနီးမောင်နှံဟာ အသက်အရွယ်ကွာဟပင်မယ့်လည်း တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်ရှိတဲ့အပြင် အရမ်းကိုရိုမက်တစ်ဆန်လွန်းတာကြောင့် ပရိသတ်တွေကအားကျနေရတာပါ။ ဇင်သဲနိုင်ဟာ 2019 Women’s Leadership Program အတွက် Europe ကို(၉) ရက်တာခရီးစဉ်ကို ခင်ပွန်းသည်နဲ့အတူ သွားရောက်နေတာပဲ ဖြစ်ပါတယ်။ သူမဟာ အမျိုးသမီးတွေလည်း အမျိုးသားများနဲ့တန်းတူရင်ဘောင်တန်းနိုင်ကြောင်း သက်သေပြနိုင်ခဲ့သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ 

ပိုင်ဇေရဲထွန်းဟာလည်း ထက်မြက်တဲ့အမျိုးသမီးကိုရရှိပိုင်ဆိုင်ထားတာကြောင့် အမြဲဂုဏ်ယူနေရတာပါ။ အခုတစ်ခေါက်မှာလည်း ” Milanမြို့ထဲ မြန်ဝတ်စုံနဲ့ လျှောက်ပတ်သွားရတာအကျေနပ်ဆုံးပဲ " ဆိုပြီး မြန်မာဝတ်စုံလေးနဲ့ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာဝေမျှထားတာပါ။ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ မြန်မာဝတ်စုံလေးဝတ်ဆင်ကာ တိုင်းတစ်ပါးမှာဂုဏ်ယူဝင့်ကြွားစွာ လည်ပတ်နေတာဟာလည်း မြန်မာလူမျိုးတွေအတွက် ဂုဏ်ယူစရာပါပဲနော်။ ပရိသတ်တွေအတွက် ဇင်သဲနိုင်ရဲ့မြန်မာဝတ်စုံလေးနဲ့ပုံရိပ်လေးတွေတင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Zin Thae Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။