ဆွမ်ဆီးတောင်ပံကစားသမား Daniel James ကတော့မနေ့ကမန်ယူအသင်းကိုတရားဝင်၅နှစ်စာချုပ်နဲ့ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။အဆိုပါကစားသမားဟာအစောပိုင်းထဲကခေါ်ယူဖို့သတင်းတွေထွက်ခဲ့တာဖြစ်ပြီးခုမှာတော့တရားဝင်အသင်းကိုရောက်ရှိလာပါပြီ။အဆိုပါတောင်ပံ့ကစားသမားဟာလာမယ့်ရာသီမှာတော့ပရီးမီးယားလိဒ်ထိပ်သီးမှာကစားရမှာဖြစ်တာကြောင့်အကောင်းဆုံးခြေစွမ်းပြဖို့လိုအပ်လာပါပြီ။

Daniel James ကတော့ဆွမ်ဆီးအသင်းမှာတောင်ပံကနေအသင်းဖော်တွေဂိုးရအောင်ဖန်တီးပေးနိုင်တဲ့ကစားသမားကောင်းတစ်ဦးပဲဖြစ်ပါတယ်။လျင်မြန်တဲ့ပြေးအားတွေကြောင့်အဆိုပါလူငယ်ကစားသမားကိုမန်ယူအသင်းကအရခေါ်ယူချင်နေတာဖြစ်ပါတယ်။Daniel James အနေနဲ့လည်းအင်္ဂလန်ထိပ်သီးအသင်းတစ်ခုမှာကစားချင်နေတာဖြစ်ပြီးမန်ယူအသင်းကခေါ်ယူခဲ့တာကြောင့်သူ့ဆန္ဒတွေပြည့်ဝခဲ့တာပါ။

မန်ယူအသင်းကတော့လာမယ့်ဘောလုံးရာသီအတွက်အကောင်းဆုံးပြင်ဆင်နေတာဖြစ်ပြီးလူငယ်ကစားသမားအများစုကိုခေါ်ယူနေတာဖြစ်ပါတယ်။အသင်းကိုပြန်တည်ဆောက်နေတဲ့မန်ယူအသင်းအတွက်တော့ Daniel James ကိုရလိုက်တာကတော့အသင်းအတွက်အကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ပရိသတ်တွေလည်းမန်ယူအင်္ကျီနဲ့ Daniel James ရဲ့ဘောလုံးစကေးတွေကိုလည်းအားပေးကြပါဦးနော်။

SOURCE:Manchester United

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။