အူဝဲလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ သရုပ်ဆောင်အိန္ဒြာကျော်ဇင်ဟာ ယနေ့ချိန်ထိအောင်မြင်မှုတွေနဲ့ထိပ်တန်းမင်းသမီးလေးတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့သရုပ်ဆောင်သက်တမ်းဟာလည်း ဆယ်စုနှစ် နှစ်စုတိုင်အောင်ရှိနေပြီး ယနေ့ခေတ်မင်းသားတွေနဲ့အပြိုင်သရုပ်ဆောင်နိုင်သေးတာဟာလည်း သူမရဲ့ထူးခြားလွန်းတဲ့အချက်ပဲ ဖြစ်ပါတယ်။ အသက်အရွယ်ရလာသော်လည်း သူမရဲ့ပျိုပြစ်နုပျိုတဲ့အလှတရားတွေဟာလည်း မိန်းကလေးပရိသတ်တွေအားကျနေရတဲ့အဓိကအချက်ပဲ ဖြစ်ပါတယ်။ 

သူမဟာ သရုပ်ဆောင် ပြေတီဦးနဲ့အတူ အိမ်ထောင်သက်တမ်း (၇) နှစ်ကျော်ကို ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနေတာပါ။ သားနဲ့သမီးဟာလည်း အရမ်းကိုလိမ္မာရေးခြားရှိပြီး ပညာရေးမှာလည်း ထူးချွန်တာကြောင့် အူဝဲကတော့ ကြည်နူးပျော်ရွှင်နေရတာပါ။ သားငယ်လေးဖိုးဓီလေးဟာလည်း အသက်ငယ်သေးသော်လည်း လူကြီးတစ်ယောက်လိုပုံစံလေးနဲ့ ချစ်ဖို့ကောင်းလွန်းတာကြောင့် ဖိုးဖိုး၊ဖွားဖွားတွေရဲ့ အသည်းကျော် ဖြစ်နေတာပါ။

အခုတစ်ခေါက်မှာလည်း အမဖြစ်သူ မေတိုးခိုင်နဲ့အတူဆော့ကစားနေတဲ့ ဖိုးဓီလေးနဲ့ဗီဒီယိုဖိုင်လေးကို မေတိုးခိုင်ရဲ့ Instagram myday လေးမှာဝေမျှထားတာပါ။ ကည့်နေရင်းနဲ့အချစ်တွေပိုပိုတိုးလာစေမဲ့ ဖိုးဓီလေးရဲ့ချစ်စရာVideo လေးကိုအားပေးကြည့်ရှုကြပါဦးနော်။

Source- May.tk7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။