ပရိသတ်ကြီးရေ စူပါမော်ဒယ်တစ်ယောက်အဖြစ်ရပ်တည်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးများစွာမှာလည်း ပါဝင်သရုပ်ဆောင်နေတဲ့ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။သင်ဇာရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်းမနည်းတော့တာဖြစ်လို့ အောင်မြင်မှုတွေများစွာကို ရရှိထားပြီး ပရိသတ်တွေကလက်ခံအားပေးကြတာဖြစ်ပါတယ်။

သင်ဇာကတော့ ဘယ်သူတွေဘယ်လိုပြောပြော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။သင်ဇာရဲ့အလှအပတွေကလည်း ပုရိသကိုတွေရင်ခုန်သွားစေရုံတင်မကဘဲ မိန်းကလေးပရိသတ်တွေကပါ အားကျငေးမောရတဲ့ အလှအပတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သင်ဇာက မျက်နှာလေးတင်လှတာမဟုတ်ဘဲ စိတ်ထားလေးကပါနူးညံ့သိမ်မွေ့သူဖြစ်ပါတယ်နော်။

လူတိုင်းအပေါ်ကိုအသံချိုချိုလေးနဲ့ဖော်ရွေစွာဆက်ဆံတတ်တဲ့သူတစ်ယောက်ဖြစ်လို့ သင်ဇာ့ကို ချစ်ခင်တဲ့လူတွေကပေါများပါတယ်နော်။အခုဆိုရင်တော့ သင်ဇာက သူငယ်ချင်းပိုင်တံခွန်နဲ့အတူ တောင်ကြီးကိုသွားပြီး ဖိတ်ကြားတဲ့ပွဲအခမ်းအနားတစ်ခုကိုတက်ရောက်နေတာဖြစ်ပါတယ်။ဒီတစ်ခါမှာလည်း သင်ဇာက တစ်မူထူးခြားတဲ့အလန်းစားဒီဇိုင်းနဲ့ ပွဲမှာရှိတဲ့လူတွေအကုန်ငေးမောသွားစေရမယ့် အလှအပတွေကို လှစ်ဟာပြခဲ့ပါတယ်နော်။

Source:thinzarwintkyaw IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။