ကယန်းတိုင်းသူလေးဖြစ်ပြီး အပြုံးလှပိုင်ရှင်နော်ဖောအယ်ထားဟာဆိုရင် "Telenor Myanmar" နှင့် "Sunkist Myanmar" တို့ရဲ့ brand Ambassador တစ်ယောက်လည်းဖြစ်ပါတယ်...။ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်သွယ်လျတဲ့ နော်ဖောအယ်ထားဟာဆိုရင် social media လောကမှာ အမျိုးသားပရိသတ်အများဆုံးပိုင်ဆိုင်ရရှိထားတာပါနော်...။ လူငယ်ပီပီအတိုအပြတ်လေးတွေကို ဝတ်စားဆင်ယင်တတ်ပြီး အမြင်ဆန်းသစ်လှပနေတာဖြစ်ပါတယ်...။ မြန်မာဝတ်စုံလေးတွေနဲ့လည်း ရိုးယဉ်စွာ လိုက်ဖက်သူတစ်ယောက်ဖြစ်ပါတယ်...။

နော်ဖောအယ်ထားဟာ အခုလတ်တလောမှာဆိုရင် အနုပညာရှင်တစ်ယောက်အနေနဲ့ ရုပ်ရှင်၊ သီချင်းဗီဒီယိုတွေကိုလည်း လက်ခံရိုက်ကူးလာပြီး ကြော်ငြာ မဂ္ဂဇင်းတွေမှာလည်း မကြာခဏဆိုသလို ရှုမြင်ခံစားကြရမှာပါ..။ နော်ဖောအယ်ထားဟာ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးတွေလည်းထွက်လေ့ရှိပြီး အမှတ်တရဓာတ်ပုံတွေကိုလည်း ရိုက်ကူးတင်ဆက် ပြသပေးတာဖြစ်ပါတယ်..။ ပြည်တွင်းပြည်ပ ခရီးတွေကိုမကြာခဏ ထွက်လေ့ရှိပြီး အခုတစ်ခါမှာဆိုရင်တော့ အိမ်နီးချင်းနိုင်ငံ စင်ကာပူသို့ အလည်အပတ် အနေနဲ့ ရောက်ရှိနေတာပါ...။

နော်လေးက စင်ကာပူနိုင်ငံ နာမည်ကြီးနေရာ တော်တော်များများကို လည်ပတ်ပြီးဖြစ်ပါတယ်...။ သူမရဲ့ အလှအပနဲ့ စင်ကာပူနိုင်ငံရဲ့ သန့်ရှင်းသပ်ရပ်တဲ့ အလှတရားနဲ့ ပေါင်းစပ်လာတဲ့အခါမှာ မြင်သူတိုင်းရဲ့ ရင်ကို ရွှင်လန်းတက်ကြွေးပြီး ခရီးသွားချင်စိတ်တွေဖြစ်ပေါ်လာစေမှာပါ...။ နော်ဖောအယ်ထားဟာ ပရိသတ်ကြီးနဲ့ ရင်းနှီးမှုတွေ အချိန်နှင့်တပြေးညီ ရရှိနေစေရန် သူမရဲ့ လှုပ်ရှားမှု အမျိုးမျိုးကို တင်ဆက်ပေးနေတာပါနော်...။ "The reason why I’m out of service" ဆိုတဲ့ status လေးနဲ့တကွ post တင်ထားပြီး ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်..။

Source Naw Phaw Eh Htar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။