Area 51

သင်ဟာ ဂြိုလ်သားတွေ အကြောင်းကို ယုံကြည်သူ တစ်ဦးဆိုရင် Area 51 ဆိုတဲ့ ဘာတွေရှိမလဲဆိုတာ သိချင်နေမယ်ထင်ပါတယ်။ တစ်ကယ်လည်း အာ့နေရာဟာ အမေရိကန်အစိုးရရဲ့ လျှို့ဝှက်စွာတီထွင်ထားမှုတွေရှိတယ်လို့ ခေတ်အဆက်ဆက် သတင်းထွက်ခဲ့တဲံ နေရာလည်း ဖြစ်ပါတယ်။ ကောလဟာလသတင်းများအရလည်း ဒီနေရာမှာ လူသားနဲ့ ဂြိုလ်သားတွေ အလုပ်တွဲလုပ်လို့လည်း ပြောကြာပါသေးတယ်။ ဒါပေမယ့် သင်ကိုယ်တိုင်အာ့နေရာကို သွားစပ်စုမယ်ဆိုရင်တော့ အကြီးကြီးမှားသွားပါလိမ့်မယ်။ ဘာလို့လဲဆိုရင် Area 51 ရဲ့ အနီးပတ်လည်တစ်ဝိုက်မှာ လှုပ်ရှားမှုအာရုံခံဆင်ဆာတွေ ၊ လက်နက်အပြည့်အစုံနဲ့ ၂၄နာရီအချိန်ပြည့် လူံခြုံရေး ကင်းလှည့်နေသူတွေနဲ့ အခြားသော အဆင့်မြင့်တဲ့ လုံခြုံရေးတွေ နေရာမလပ်ထားရှိတာကြောင့် ယနေ့အချိန်အထိ ဘယ်သူမှ ဖောက်ထွင်းပြီး မဝင်ရောက်နိုင်သေးတဲ့ နေရာလည်း ဖြစ်ပါတယ်။

HavenCo Data Center

လွန်ခဲ့တဲ့ ခုနှစ်ကျော်လောက်က HavenCo လို့အမည်ရတဲ့ ဒေတာ စင်တာဟာ ဘာအကြောင်းပြချက်မှမရှိပဲ ပိတ်ပစ်ခဲ့ပါတယ်။ အဆိုပါ ဒေတာ စင်တာဟာ ဂရိတ်ဗြိတိန်နိုင်ငံရဲ့ တောင်ပိုင်းကမ်းရိုးတန်းမှာ တည်ရှိပြီး ၂၀၀၀ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ကာ Siland လို့ခေါ်တဲ့ အမည်မသိနယ်မြေတစ်ခုမှာ တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။ HavenCo ကုမ္ပဏီကတော့ ဒီနေရာဟာ ဗြိတိန်အစိုးရရဲ့ အင်တာနက်ဥပဒေနဲ့ လွတ်ကင်းတဲ့ နယ်မြေတစ်ခု ဖြစ်မယ်လို့ ယူဆထားပြီး ကိုယ်ပိုင်နယ်မြေတစ်ခုလိုမျိုး သီးသန့်တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ HavenCo ကုမ္ပဏီဟာ၂၀၀၈ခုနှစ်တည်းက ဖျက်သိမ်းထားခဲ့ပေမယ့်လည်း ဘာကြောင့် ဒီနေရာမှာ အခုအချိန်အထိ လုံခြုံရေးတွေ စောင့်ကြပ်နေရသလဲဆိုတာကတော့ ဘယ်သူမှ အတိအကျမပြောနိုင်သေးပါဘူး ။

The Secret Storehouse of the Mormon Church

Salt Lake ဆိုတဲ့ မြို့ငယ်လေးနားမှာ ကမ္ဘာကြီးပေါ်က အရေးကြီၤး အချက်အလက်တွေကို သိုလှောင်သိမ်းဆည်းထားတဲ့ ဘန်ကာ တစ်ခုကို တည်ဆောက်ထားပါတယ်။ တည်ဆောက်တဲ့အခါမှာလည်း လျှို့ဝှက်တဲ့ အရေးကြီးအချက်အလက်တွေ ထားရှိတဲ့ နေရာ ဖြစ်တာကြောင့် တောင်ရဲ့ အောက်ခြေ မီတာ ၂၀၀ လောက်ကို တူးပြီး တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ ဒီလောက်တောင် လုံခြုံစွာတည်ဆောက်ထားရသလဲဆိုရင် အာ့ဒီဘန်ကာထဲမှာရှိတဲ့ အခက်အလက်တွေဟာာ နယူးကလီးယားပြုလုပ်ပုံလမ်းညွှန်တွေ အပြင် အခြားခြားသော လူသိခံလို့မရတဲ့ နိုင်ငံတော်အဆင့် လျှို့ဝှက်ချက်တွေ သိမ်းဆည်းထားလို့ပဲ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ ဒီနေရာမှာ အပူချိန်တိုင်း အာရုံကရိယာေွအပြင် နေရာလပ်မကျန် စောင့်ကြပ်နေတဲ့ CCTV တွေရှိတာကြောင့် ဝင်သွားနိုင်ခဲ့တယ်ဆိုရင်တောင် လုံခြုံရေးတွေရဲ့ ဖမ်းဆီးရခြင်းကို အသာလေးခံသွားရနိုင်ပါတယ်။

Source : Brain Berries

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။