တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ မျိုးဆက်သစ်များစွာရဲ့ ကြိုးစားအားထုတ်မှုတွေကတော့ ပရိသတ်တွေကို အံ့အားသင့်စရာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ လူငယ်ပြီး ထူးချွန်ထက်မြတ်တဲ့ ကလေးငယ်များစွာကတော့ နိုင်ငံပေါင်းစုံမှာထွက်ပေါ်လေ့ရှိပြီး နယ်ပယ်ကဏ္ဍအသီးသီးရဲ့ အနာဂတ်လူငယ်တွေဖြစ်လာနိုင်တာကိုလည်းတွေ့မြင်လျှက်ရှိပါတယ်။  

မကြာသေးမီကပရိသတ်တွေကြားမှာရေပန်းစားခဲ့တဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ ဗီဒီယိုဖိုင်လေးကတော့ လက်ရှိကြည့်ရှု့သူသန်းချီလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ အမေရိကန်နိုင်ငံသာမက ကမ္ဘာနိုင်ငံများစွာမှာ လေ့ကျင့်ဆော့ကစားလျှက်ရှိတဲ့ ဘောင်စင်လေ့ကျင့်မှုကို အမိုက်စားလုပ်ပြခဲ့တဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။  

နိုင်ငံအဆင့်ရှိ လက်ဝှေ့ဆရာကြီးတွေတောင် မလုပ်နိုင်တဲ့ မျက်လုံးကို ပုဝါစည်းပြီး အလွတ်တန်းထိုးပြခဲ့တဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ အမေရိကန်ကစ်ဘောင်စင်ရဲ့ ပညာတွေကို ထူးထူးချွန်ချွန်လုပ်ဆောင်ပြခဲ့တဲ့ အဆိုပါ ကလေးမလေးရဲ့ ဗီဒိယိုဖိုင်လေးကို ချစ်ပရိသတ်တွေကြည့်ရှုရင်း အတုယူနိုင်ရန်မျှဝေပေးလိုက်ပါတယ်။

vide0 - Greatest Highlights 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။