နိုင်ငံတကာစံချိန်မှီတဲ့ အရည်အချင်းရှိသူ ရွှေအိမ်စည်ဟာဆိုရင် သရဖူဆောင်းခဲ့တဲ့ မယ်တစ်ယောက်ဖြစ်ပြီး အနုပညာနယ်ပယ်ထဲသို့ မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဝင်ရောက်လာတာပါ...။ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပမှုကြောင့် social media လောကမှာ အမျိုးသားပရိသတ် အများဆုံးပိုင်ဆိုင်ထားပြီး ပါးချိုင့်အပြုံးလေးတွေနဲ့ မြင်သူတကာကို ဆွဲဆောင်ညှို့ယူတာပါနော်...။ ဖက်ရှင်အလန်းတွေကိုလည်းဝတ်ဆင်လျက်ရှိပြီး ခပ်ချေချေ အမူအရာလေးတွေနဲ့ သရုပ်ဆောင်မှုတွေကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုတွေ ပိုင်ဆိုင်လာတာပါ...။

ရေကူးကန်ထက်က အမိုက်စားပုံရိပ်လေးတွေဟာဆိုရင်လည်း နှစ်ခါပြန်ကြည့်ချင်ရလောက်ပင် ဖြစ်နေပါတော့တယ်...။ အချစ်ရေးဟာတည်ငြိမ်လျက်ရှိပြီး သူငယ်ချင်းတွေနဲ့အတူ ဘဝကြီးကိုရိုးရှင်းစွာ ဖြတ်သန်းနေတာပါ...။ စာပေကိုလည်း လိုက်စားပြီး English 4 skill ဟာဆိုရင်လည်း နိုင်ငံခြားသူတစ်ယောက်လို့ထင်ရလောက်အောင် အပြစ်ပြောစရာမရှိအောင် ကောင်းနေတာပဲဖြစ်ပါတယ်...။ အဆီပိုမရှိဘဲ သွယ်လျကျစ်လစ်တဲ့ ခန္ဓာကိုယ်ဖြစ်အောင် လေ့ကျင့်ခန်းတွေကိုလည်း ပုံမှန်လုပ်လေ့ရှိပါတယ်...။

ရွှေအိမ်စည်ဟာ ပရိသတ်ကြီးနဲ့ ရင်းနှီးမှုရရှိနေအောင် social media ကွန်ယက်များဖြစ်ကြတဲ့ facebook စာမျက်နှာနှင့်၊ Instagram တို့တွင် သူမရဲ့ လှုပ်ရှားမှု၊ ပုံရိပ်တွေကိုအမြဲဖော်ပြပေးနေတာပါ...။ ဒါကြောင့်မလို့ အိမ်စည်ဆိုပြီး နာမည်တစ်လုံးနဲ့ ရပ်တည်လာကာ အားလုံးရဲ့ အချစ်တွေကို ပိုင်ဆိုင်ရရှိလာတယ်လို့ ဆိုရင်လည်းမမှားပါဖူးနော်..။ ပုဂံကို ပြန်တမ်းတမိစေတဲ့ ပုံရိပ်လေးတွေကို official page တွင် "Taking it back to Bagan....ပြန်သွားချင်မိ" ဆိုတဲ့ status လေးနဲ့ တင်ဆက်ထားပြီး ပရိသတ်တွေ Like and share နဲ့အားပေးလို့ ရအောင် ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်..။

Source Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။