ဗီဒီယိုဇာတ်ကားခေတ်များမှစပြီး ယနေ့ချိန်ထိ အနုပညာလောကမှာ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးနဲ့ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်သူလေးကတော့ အေးမြတ်သူပဲ ဖြစ်ပါတယ်။ ဘဝကိုရိုးရိုးရှင်းရှင်းနေပြီးဖြူစင်တဲ့စိတ်ထားတွေကြောင့်ပရိသတ်တွေရဲ့အချစ်တွေအကုန်သိမ်းပိုက်ထားနိုင်တာပါ။ ပရိသတ်တွေကလည်းသူရဲ့အနုပညာလှုပ်ရှားမှုတိုင်းကိုချစ်ခင်အားပေးကြပြီးသူကလည်းပရိသတ်တွေကိုဂရုစိုက်ချစ်ခင်တာကြောင့်သူနဲ့သူ့ပရိသတ်တွေကြားကချစ်ခြင်းတွေကအားကျစရာပါ။ 

သူမဟာ မော်ဒယ်ဘဝမှအနုပညာလောကကိုဝင်ရောက်လာတာပဲ ဖြစ်ပြီး ဒီနှစ်မှာရရှိခဲ့တဲ့အကယ်ဒမီထူးချွန်ဆုဟာလည်း သူမရဲ့ပထမဆုံးသောအကယ်ဒမီဆုလည်း ဖြစ်ပါတယ်။သူမရဲ့ရိုးသားပွင့်လင်းတဲ့စိတ်ထားလေးနဲ့ဖော်ရွေတတ်တဲ့ ချစ်စရာအပြုအမူလေးတွေကြောင့်လည်း ဆယ်စုနစ်တိုင်အောင် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို ယနေ့ထက်ထိ အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှပရိသတ်တွေကလည်းသူ့နဲ့သူ့ချစ်သူလေးရဲ့အချစ်ရေးလေးကိုပရိသတ်ကစိတ်ဝင်စားနေကြတာဖြစ်ပြီးသူ့ချစ်သူကဘယ်လိုပုံစံလေးလဲဆိုတာပရိသတ်တွေစိတ်ဝင်စားနေကြတာပါ။ 

သူကတော့လူမှုကွန်ရက်ကနေပုံရိပ်လေးတွေချစ်စရာ TikTok Videoလေးတွေကိုတင်ပေးလေ့ရှိပြီးပရိသတ်တွေကလည်းအားပေးချစ်ခင်နေရတာပါ။သူကတော့ပုံလေးတွေတင်တဲ့အခါမှာလည်းအချစ်စာသားလေးတွေထည့်ပြီးတင်ပေးလေ့ရှိတာကြောင့်ပရိသတ်တွေကလည်းသူ့ရဲ့အချစ်ရေးလေးတွေကိုစိတ်ဝင်စားနေကြတာပါ။ခုမှာလည်း TikTok လေးကိုဆော့နေတာလေးကလည်းပရိသတ်တွေကိုအချစ်ပိုစေတာပါ။ကို့ကို ကိုချစ်ပါတယ်ဆိုပြီး သူမရဲ့ချစ်ရသူလေးကိုတီတီတာတာလေးချွဲနေတဲ့ အေးမြတ်သူရဲ့ Videoလေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source - Myatlay8686

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။