တနင်္ဂနွေနေ့တုန်းကဆိုရင် Pop Star ဖြစ်တဲ့ Justin Bieber ဟာ သူရဲ့ Twitter မှာ ကမ္ဘာကျော်အက်ရှင်မင်းသား Tom Cruise ကို UFC မှာ ထိုးဖို့အတွက် စိန်ခေါ်ခဲ့ပါတယ်။ အဲ့လိုစိန်ခေါ်ပြီးနောက်မှာ ပရိသတ်တွေဟာ ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်ကာ လူတော်တော်များများ စိတ်ဝင်စားခဲ့ကြပါတယ်။ JB ရဲ့စိန်ခေါ် Post ကိုတွေ့ခဲ့တဲ့ Mc Gregor ကသူအနေနဲ့ ပွဲစီစဉ်သူအဖြစ် လုပ်ခိုင်းဖို့ Twitter မှာ ရေးတင်ခဲ့ပါတယ်။ ဒါပေမဲ့လဲ JB ဟာ အဲ့ Post ဟာစနောက်တာထားလို့ ပြောပြခဲ့ပါတယ်။  

ဗုဒ္ဓဟူးနေ့တုန်းက Hailey Baldwin ရဲ့ယောကျ်ားဖြစ်သူ JB ကို အင်တာဗျူးမေးခဲ့ရာ အဲ့ Post ကစနောက်နေတာဆိုပြီး ပြောပြခဲ့ပါတယ်။ " Naw....ကျွန်တော်စခဲ့တာပါဗျာ...အဲ့ Tweet ကလဲ ဒီလိုသက်သက်ပါပဲ ဘာရယ်မဟုတ်ပါဘူး " ဆိုပြီး ရယ်မောကာပြောပြခဲ့ပါတယ်။ သူဘာလို့အခုလိုတင်လိုက်ရတာဆိုကိုလဲ ဆက်လက်ပြီး ပြောပြခဲ့ပါသေးတယ်။ " အကြောင်းကတော့....ကျွန်တော်သူ့ကို အင်တာဗျူးတစ်ခုမှာတွေ့ခဲ့ပါတယ်....အဲ့အချိန်မှာ ကျွန်တော်စိတ်ထဲ သူရောက်လာတာပါပဲ " ဆိုပြီးရှင်းပြခဲ့ပါတယ်။ 

သူဟာ Tom Cruise နဲ့ပတ်သတ်ပြီး မင်းသားဟာ အက်ရှင်ကားတွေရိုက်ဖို့အတွက် ခန္ဓာကိုယ်ပုံစံက အချိုးကျကျရှိတယ်ဆိုတာကို ဝန်ခံပါတယ်။ " ကျွန်တော်သေချပါတယ်...သူနဲ့ကျွန်တော်သာထိုးရင် ကျွန်တော်ကို မှတ်လောက်အောင် ထိုးနိုင်မှာပဲ...ကျွန်တော်လဲ ခန္ဓာကိုယ်ကို အချိုးကျအောင် ကြည့်ကောင်းအောင် ပြန်လုပ်ရမယ် " ဆိုပြီးပြောပြခဲ့ပါတယ်။ သူက Tom ကိုလဲကြိုက်နှစ်သက် အားပေးကြောင်းပြောဆိုခဲ့ကာ သူရဲ့ ပြံးနေတဲ့ မျက်နှာပုံကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။