အင်္ဂါနေ့တုန်း ပြသခဲ့တဲ့ The Tonight Show ဆိုတဲ့ Jimmy Fallon ရဲ့ အစီအစဉ်မှာ Selena Gomez ဟာ သူမသီချင်းအသစ်တွေပြုလုပ်နေကြောင်းကို ပြောပြခဲ့ပါတယ်။ သူမအနေနဲ့လဲ ၄နှစ်ကြာပြီးနောက်မှာ သီချင်းအသစ်တွေကို ပြန်လည်ဆိုတာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မနက်တုန်းကဆိုရင်တော့ Selena လေးဟာ နယူးယောက်မြို့မှာ အပြာရောင်ဝတ်စုံလေးနက် လှပလို့နေပါတယ်။ သူမရဲ့နေပုံထိုင်ပုံလေးတွေက ချစ်ဖို့ကောင်းတယ်ဆိုတာ ပရိသတ်ကြီါ်လဲ သိမှာပါ။ 

အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ Pop Star မလေးဟာ အဲ့နေ့က Kelly နဲ့ Rayn တို့နဲ့အတူ တိုက်ရိုက်ထုတ်လွှင့်မဲ့အစီအစဉ်အတွက် Studio ကိုသွားရောက်ခဲ့တာပဲဖြစ်ပါတယ်။ အင်္ဂါနေ့ညတုန်းက Tonight Show မှာဆိုရင် Jimmy ကို Selena က " ကျွန်မနောက်ထပ် အပြီးသတ်ဖို့ နည်းနည်းပဲလိုအပ်တော့ပါ....လေးနှစ်ကြာမှ ထုတ်မဲ့ Album ဖြစ်တဲ့အတွက် ခံစားချက်တွေထည့်ထားပါတယ် ပြီးတော့လဲ ကျွန်မဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ မြောက်များစွာကိုလဲ ထည့်ထားပါတယ် " ဆိုပြီးပြောပြခဲ့ပါတယ်။  

သူမအနေနဲ့ ဖြတန်သန်းလာရတဲ့ အရာတွေကိုလဲ ပရိသတ်ကြီးတို့ သိကြမှာပါ။ သူမရဲ့ ချစ်သူဟောင်းဖြစ်တဲ့ JB နဲပလဲ လမ်းခွဲခံခဲ့ရပြီး သူမရဲ့ကျန်းမာရေးကလဲ ဆိုးရွားခဲ့ပါတယ်။ ကျောက်ကပ်အစားထိုးကုသရတဲ့ထိဖြစ်ခဲ့ကာ စိတ်ကျရောဂါကိုလဲ ခံစာခဲ့ရပြီး အဲ့အခြေအနေကနေ ပြန်ရပ်တည်လာခဲ့ရသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်ကမှလဲ JB နဲပပတ်သတ်တဲ့ Instagram ပေါ်ကအရာတွေကို သူမဖျက်ခဲ့တာဖြစ်ပါတယ်။  

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။