Katy Perry နဲ့ Taylor Swift တို့ဟာဆိုရင် အချိန်ကြာမြင့်စွာ အဆင်မပြေမှုတွေဖြစ်ကာ ပြဿနာတွေတက်ခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့လဲ ခုချိန်မှာတော့ သူတို့နှစ်ယောက်ဟာ အဆင်ပြေသွားကြပြီပဲဖြစ်ပါတယ်။ အသက် ၂၉နှစ်ရှိပြီဖြစ်တဲ့ Taylor ဟာ ၃၄နှစ်ရှိပြီဖြစ်တဲ့ Katy ကို ချောက်ကလပ် ကွတ်ကီး ပန်ကန်းကိုပေးခဲ့ကာ အဲ့ပန်ကန်းပေါ်မှာ Peace At Least ဆိုတဲ့အနီရောင်စာလေးကိုရေးသားခဲ့ပါတယ်။ 

သူတို့နှစ်ယောက်အဆင်မပြေခင် လွန်ခဲ့တဲ့ ၅နှစ်တုန်းကဆိုရင် Taylor ဟာ Kity ကို Bad Blood ဆိုတဲ့သီချင်းနဲ့ diss ထားခဲ့ပါတယ်။ Katy ဟာသူမရဲ့ Instagram မှာ Feel good ဆိုပြီးရေးကာ Taylor နဲ့အတူတင်ခဲ့ပါတယ်။ Taylor ကလဲ အောက်မှာ အသည်းပုံ ၁၃ခုကိုမန့်ထားတာတွေ့ရပါတယ်။ အဲ့မတိုင်ခင်မှာတော့ Taylor ကသူမရဲ့ Apple Play List ထဲမှာ Katy ရဲ့နောက်ဆုံးထွက် Never Really Over သီချင်းကိုထည့်ထားခဲ့ပါတယ်။ 

၂၀၁၈ခုနှစ်မေလမှာ Katy ဟာ Taylor ကိုတောင်းပန်စာလေးပို့ထားပေးဖူးပြီး အဲ့တုန်းကလဲ Taylor ဟာ Instagram ပေါ်ကို Thank You Katy ဆိုပြီးရေးတင်ခဲ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ သူငယ်ချင်းတွေဟာ ခုချိန်မှာောတ့ အဆင်ပြေသွားပြီပဲဖြစ်ကာ ပရိသတ်တွေလဲ ပျော်ရွှင်နေကြပါတယ်။ သူတို့ရဲ့ အချစ်တော်အဆိုတော် သူငယ်ချင်းနှစ်ယောက် အဆင်ပြေတော့ ပရိသတ်တွေလဲ တော်တော် ပျော်ရွှင်ရပါတယ်။ အဆင်မပြေခင်တုန်းကဆို Taylor က Katy ကို Bad Blood နဲ့ Diss ပြီး Katy က Taylor ကို Swish Swish သီချင်းနဲ့ ပြန်လည်တုံ့ပြန်ထားပါတယ်။  

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။