တစ်ချိန်ကမြန်မာ့လက်ရွေးစင်အသင်းမှာရောရန်ကုန်ယူနိုက်တက်အသင်းမှာပါခြေစွမ်းပြဂိုးတွေသွင်းယူနိုင်တာကြောင့်ပရိသတ်တွေအချစ်တော်ဖြစ်နေရတာကတော့တောင်ပံကစားသမားကြည်လင်းပဲဖြစ်ပါတယ်။သူကတော့ခုအပြောင်းအရွေ့မှာတော့ရန်ကုန်ယူနိုက်တက်အသင်းကနေထွက်ခွာတော့မှာဖြစ်ပါတယ်။

ကြည်လင်းဟာရန်ကုန်ယူနိုက်တက်စတင်ချိန်ကတည်းကပါဝင်ကစားခဲ့တဲ့အသင်းရဲ့ဝါရင့်ကစားသမားပဲဖြစ်ပါတယ်။သူကတော့တစ်ချိန်တုန်းကမြန်မာဘောလုံးလောကမှာသာမကအာစီယံအသင်းတွေကပါလေးစားပြီးသတိထားရတဲ့ကစားသမားပဲဖြစ်ပါတယ်။သူ့ကအားပါတဲ့ကန်ချက်တွေပြေးအားတွေကတော့ပရိသတ်တွေခုချိန်ထိမမေ့နိုင်ဖြစ်မှာပါ။

သူကတော့ခုနောက်ပိုင်းမှာဒဏ်ရာပြဿနာတွေကြောင့်အနားယူနေရတဲ့အချိန်တွေများနေတာပါ။ခုမှာတော့ဘောလုံးပြန်ကစားနေပေမယ့်အရင်လိုခြေစွမ်းတွေပြနိုင်ဖို့ရုန်းကန်နေရတာပါ။ခုမှာတော့ရန်ကုန်အသင်းကနေထွက်ခွာတော့မှာဖြစ်ပြီးပရိသတ်တွေကိုလည်းရန်ကုန်အသင်းမှာခြေစွမ်းပြပြီးအောင်မြင်မှုတွေယူပေးနိုင်ခဲ့တဲ့ကြည်လင်းရဲ့သွင်းဂိုးတစ်ချို့ကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

Photo:Kyi Lin

Video:Yangon United 12th Players

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။