မနေ့က ဇွန်လ ၁၂ ရက်နေ့မှာတော့ ဟောင်ကောင်မှာ ကြောက်မခန်းလိလိဆန္ဒပြပွဲကြီးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။

၎င်းဆန္ဒပြပွဲကြီးကတော့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီးဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြားမှာ ပဋိပက္ခတွေ ကြီးမားစွာဖြစ်ပေါ်ခဲ့ပါတယ်။

၎င်းပဋိပက္ခကတော့ ဆန္ဒပြသူတွေဟာ ဟောင်ကောင် ဥပဒေကောင်စီရုံးထဲဝင်ရောက်ဖို့ကြိုးစားရာကနေ စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းတဖြေးဖြေးကြီးမားလာပြီး အကြမ်းဖက်မှုအဆင့်ကိုရောက်သွားခဲ့ပါတယ်။

လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုထဲမှာဆိုရင်လည်း ဆန္ဒပြပြည်သူတွေဟာ အတားအဆီးတွေကို ဖျက်ဆီးကာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြတာကိုတွေ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေကို နံပါတ်တုတ်တွေ ၊ ငရုတ်ကောင်း စပရေးတွေ သုံးပြီး ဖြိုခွဲခဲ့ကြတာကို တွေ့ရပါတယ်။

ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရာဘာကျည်တွေနဲ့လည်း ပစ်ခတ်ခဲ့သလို မျက်ရည်ယိုဗုံးတွေလည်းသုံးကာ ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့တယ်လို့သိရပါတယ်။

Source - CNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။