ပရီးမီးယားလိဒ်ပြိုင်ပွဲတွေကတော့လာမယ့်သြဂုတ်လ၉ရက်နေ့မှာစတင်ယှဉ်ပြိုင်ကစားတော့မှာဖြစ်ပါတယ်။ခုမှာတော့ရာသီနားနေတဲ့အချိန်ဖြစ်တာကြောင့်ကစားသမားတွေကမိသားစုနဲ့အပန်းဖြေအနားယူနေကြပြီးအသင်းတွေကတော့ကစားသမားသစ်တွေကိုခေါ်ယူနေတဲ့အချိန်ပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့မိမိအသင်းကိုကစားသမားကောင်းတွေရောက်လာဖို့မျှော်လင့်နေကြတာဖြစ်ပါတယ်။

ဒီနှစ်ပရီးမီးယားလိဒ်ရဲ့ပွဲစဉ်အစကတော့ပရိသတ်တွေအကြိုက်ပွဲစဉ်တွေနဲ့စတင်မှာဖြစ်ပါတယ်။ပွဲစဉ်၁မှာတင်အင်္ဂလန်ထိပ်သီးနှစ်သင်းဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ချယ်လ်ဆီးအသင်းတို့ကတော့ထိပ်တိုက်တွေ့ဆုံနေတာပဲဖြစ်ပါတယ်။ဒီနှစ်သင်းကလည်းဒီနှစ်ရာသီမှာပြောင်းလဲပြင်ဆင်မှုတွေများစွာလုပ်ထားတာကြောင့်ပရိသတ်တွေအတွက်တော့အကောင်းဆုံးပွဲစဉ်ဖြစ်လာတော့မှာပါ။

မန်ယူအသင်းကလည်းအကောင်းဆုံးလူငယ်ကစားသမားတွေနဲ့အသင်းကိုပြန်တည်ဆောက်နေချိန်ဖြစ်ပြီးချယ်လ်ဆီးအသင်းကလည်းသူတို့ရဲ့အဓိကကစားသမားဟာဇက်မရှိတော့တဲ့အချိန်မှာရင်ဆိုင်ရမှာဖြစ်ပါတယ်။ခုပွဲမစခင်ပွဲချိန်ဇယားထွက်ကတည်းကပရိသတ်တွေကဒီပွဲစဉ်ကိုရင်ခုန်နေတာဖြစ်ပါတယ်။ပရိသတ်တွေအတွက်ပွဲကောင်းတွေကိုကြည့်ရဖို့လည်းပွဲစဉ်၁ရဲ့တွေ့ဆုံမှုအသင်းတွေကိုပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Premier League

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။