အိန္ဒိယနိုင်ငံ မိုးလေဝသ ဌာနကတော့ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့မှာ နိုင်ငံအတွင်းကို မုန်တိုင်းတစ်ခုဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းပြောဆိုထားတယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း အာရေဗျပင်လယ်ပြင်ထဲမှာ ဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်ပေါ်နေပြီး ၎င်းမုန်တိုင်းဟာ အိန္ဒိယကန်းရိုးတန်းကို ဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားတာပဲဖြစ်ပါတယ်။

အာရေဗျပင်လယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ၎င်းဟာရီကိန်းမုန်တိုင်းကိုတော့ ဗာယူလို့ အမည်ပေးထားသလို ပြင်းအားက ဟာရီကိန်းမုန်တိုင်း အဆင့် ၁ ရှိတယ်လို့သိရပါတယ်။

ဒါ့အပြင် မိုးလေဝသပညာရှင်တွေဟာဆိုရင်လည်း ၎င်းမုန်တိုင်း အိန္ဒိယ နိုင်ငံ ဂူဂျာရတ်ပြည်နယ်ထဲက ကမ်းရိုးတန်းကို ဝင်ရောက်လာချိန်မှာ လေတိုက်နှုန်းက တနာရီကို ၉၆ ကနေ ၁၀၆ အထိရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါ့ကြောင့် တာဝန်ရှိသူတွေဟာ ကမ်းရှိုးတန်းမှာနေထိုင်တဲ့ ပြည်သူတွေကို ခိုလှုံရေးစခန်းတွေဆီ ရွှေ့ပြောင်းပေးထားတယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ၎င်းခိုလှုံရေးစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်တဲ့ ဒေသခံလူဦးရေဟာ သိန်းနဲ့ချီရှိနေပြီလို့ သိရပါတယ်။

source - CNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။